Ch.54.1-Black,black, black, black

245 45 0
                                    

|| Unicode||

    ဝူရုန်သည် ‌ချွေးမတစ်ယောက်ကနေ ယောက္ခမတစ်ယောက်ဖြစ်လာတဲ့အခါ ခံစားချက်မျိုးခံစားရသည်။ သူတွေ ဝေမိန်းမောနေသောဟွမ်မောင်ကို ဝမ်းနည်းစွာကြည့်လိုက်သည်။ ပျော်ရွှင်မှုကိုတခြားသူနှင့်မျှဝေမခံစားနိုင်တာ တကယ်စိတ်မချမ်းမြေ့စရာပဲ ထိုကြောင့်ပိုင်ကုသည် အခြေနေအရပ်ရပ်အား‌အသေးစိတ်သရုတ်ဖော်ပြနေသည်။ ဟွမ်မောင်အား ဝူရုန်မှ အဝါရောင်မြွေပါကောင်အား တဖက်သတ်ချေမှုန်းနေသည် ခမ်းနားလှသော ပြပွဲအကြောင်းဖော်ပြနေသည်။

    ဥပမာအနေနှင့် ခွေးတစ္ဆေမှ ရုပ်ထုထဲမှထွက်လာသော မြွေပါနှင့် သူ၏သားမြေးများကို တချက်တည်းနှင့်ကိုက်လိုက်ပုံ ။ နောက်ဥပမာက မြွေပါအိုကြီးမှာ တကိုယ်လုံးမှာ‌‌ဖြူဖွေးကာအသက်ကြီးနေပုံ။ ထက်ပြောရမယ်ဆိုလျှင် အိမ်ကိုသိမ်းရုံနှင့်မလုံလောက်၍ ခွေးတ စ္ဆေကြီးသည် မြွေပါအုပ်စုအား ဝူရုန်ရှေ့ဒူးထောက် တောင်းပန်စေပြီးနောက် သူတို့အား ရုပ်ထုကိုကိုက်၍ ဖျတ်စီးစေသည်။

    ပထမတော့ ဟွမ်မောင်စိတ်လူပ်ရှားပျော်ရွှင်နေသည်ဟုထင်ရသော်လည်း သူအသံနောက်ကွယ်မှအပြုံးကိုကြားရသည့်အခါ သူစိတ်လူပ်ရှားမှုပျောက်ကွယ်သွားသည်။ ဂနာမငြိမ်စွာ သူ့ဘောင်းဘီချုပ်ရိုးကြောင်းအားဆွဲဖြည်နေပြီး သူမျက်နှာမှာ ဝမ်းနည်းနေပုံပေါ်သည်။

    "ဘာမှားလို့လဲ?"

    ပိုင်ကုမှာဘာဖြစ်သည်မသိသည့်အတွက် သာမန်လိုပဲမေးလိုက်လျှင် ဟွမ်မောင်မှာသက်ပြင်းရှည်ကြီးချလိုက်ကာ သူ့၏အသံမှာလွန်စွာတိုးလျှပြီး စိုးရိမ်ကြောင့်ကြမှုနှင့် မိမိကိုယ်ကိုယ်တန်ဖိုးထားမှုနိမ့်ကျသွားသည့်ခံစားချက်များရောထွေးနေကာ

    " အကိုရုန်ကတအားသန်မာတယ် ငါသူ့ကို ဆွဲချနေသလိုများဖြစ်နေတယ်"

    ဟွမ်မောင်မှာအမှန်ကို မိမိအားအလွန်တန်ဖိုးထားသူဖြစ်ရာ ဤသို့သိမှတ်ခံရခြင်းအားနာကျင်ရပြီး မသက်မသာခံစားရကာ " အကိုရုန်ကိုကူညီနိုင်ဖို့ပဲ တောင်းဆုပြုချင်တယ်"

    ဝူရုန်မှာပိုပိုစွမ်းအားကြီးလာပြီးပိုပိုဝေးကွာလာသည်ကိုကြည့်ကာ သူဘယ်လိုများစိတ်အေးချမ်းသာစွာနေရမှာလဲ?

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now