Ch.23-Bark , Bark Bark Bark Bark?

410 85 0
                                    

Unicode

ကြီးမား၍ရုပ်ဆိုးလှသောခွေး‌ေခါင်း‌ေဆာင်ကြီးမှာဝူရုန်ရှေ့အောက်ကျို့လျက်ရင်းနှီးချစ်ခင်စွာဖြင့်ခေါင်းကိုငုံ့ကာ ချီးကျူးခံရဖိုါစောင့်မျှော်နေသည်။

    ဝူရုန်သည် ရေနွေးပူဖြင့်အပတ်ခံထားရသဖြင့် အသားများပွင့်ထွက်ပြီး ရိရွဲနေသောသု့ခေါင်းအားစိတ်ထဲမထားပေ။ ခွေး၏ခေါင်းအားချီးကျူးသည့်အနေဖြင့်ပုတ်လိုက်ပြီး သွေးသံရဲရဲခွေးပါးစပ်ထဲမှအရုပ်သရဲအားဆွဲထုတ်ကာထပ်မံပစ်လွှတ်လိုက်ပြန်သည်။

    "ဝုတ် ဝုတ်!"

    တစ္ဆေခွေး၏‌စူးရှကျယ်လောင်သောအော်သံတွင်ရိူက်ခြင်းနှင့်အထွန့်တက်ခြင်းများပါဝင်ကာ သူတို့၏ဦးရေပြားပင်ထုံကျင်စေသော်လည်း သာမန်ခွေးကြီးတစ်ကောင်လို ပျော်ရွှင်စွာပြေးနေပုံက အနည်းငယ်တော့ထိတ်လန့်စရာမြင်ကွင်းကိုပေါ့ပါးစေသည်။

    "ရုန် အကိုရုန် ဒါကဘာကြီးလဲ?"

    ဟွမ်းအောင်သည်ဝူရုန်အနက်ရောင်ဘောလုံးကို လေထဲလွှဲပစ်နေပြီး ပြန်ကောက်၍ယူလာပုံ မြင်နေရသည်။ အကြိမ်များစွာမြင်ရပြီးနောက်အရဲစွန့်မေးလာသည် " ခွေးနဲ့တူသလားလို့"

    ဝူရုန် : "ဟုတ်တယ်"

     "အရူး ဒါကအကိုရုန်လေ့ကျင့်ပေးနေတာ။ အဲ့တာကိုကြည့်ဘောလုံးကောက်နေတာ ငါ့မွေးရပ်မြေကရူဗက်ထက်တောင်တော်တယ်"

    "ဒါပေမယ့်ခွေးတစ်ကောင်ကဘယ်လိုကြောင့်တစ္ဆေဖြစ်နိုင်တာလဲ … ငါတော့အေးခဲပြီးသေတော့မှာပဲ"

    "အကိုရုန် ဒါဘယ်လိုခွေးမျိုးလဲ အရမ်းအံ့ဩဖို့ကောင်းတယ်လား?"

    …

    "ခွေးနက်တစ်ကောင်ပါ"

    ဝူရုန်သည်သူ့ရှေ့တွင်ဆောင့်ကြောင့်ထိုင်လျက်လျှာထုတ်‌ထားသောခွေးကြီးကိုကြည့်လိုက်သည်။ သူ့နားများအပေါ်သို့ထောင်ထားပြီး မျက်လုံးများမှာကြယ်များလို့တောက်ပလျက် ဝူရုန်ကိုသာ အာရုံစိုက်ထားသည်။

    "အရမ်းကြည့်ကောင်းတယ်"

    ဒါကထိုနေ့ကတိရိစ္ဆာန်ဆေးရုံတွင်တွေ့ခဲ့ရသောခွေးပေါက်ပင်။ဝူရုန်မျက်လုံးထဲတွင်ထိုကောင်လေးမှာ ဆေးရုံမှာတွေ့ခဲ့ရသောခွေးပေါက်ဖြစ်နေတုန်းပင်။ နတ်မှောင်သောအမွေး ၊သန်မာသောခြေလက်နှင့် ကိုယ်ထည်၊ ထက်မြတ်ကာသစ္စာရှိသောခွေးများ၏ပြိုင်ဘက်ကင်းကြည့်ကောင်းမှု။ဤခွေးလေးသာကျန်းကျန်းမာမာကြီးပြင်းလာလျှင်ယခုဖော်ပြထားသလိုဖြစ်လာပေမည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now