Ch.25-Bark?Bark Woof Woof... Woof Woof!

413 93 0
                                    

Unicode

     "သူကျွန်တော့ကိုစက်ရုံ ဆီခေါ်သွားပေးခဲ့တာ"

     ဝူရုန်သူ့လက်မောင်းထဲမှခွေးပေါက်ဝိဉာဉ်ကို ငုံကြည့်လျက် ထပ်မပြောလာတော့ပေ။ သို့သော်ဗီဒီယို ကြည့်ပြီးသူတိုင်း အကျိုးအကြောင်းအားနားလည်နိုင်သည်။

    တရားမျှတမူပြင်းထန်သောလူငယ်တစ်ယောက်အနေဖြင့် ကျား၊နဂါးတို့၏အသိုက်ထဲထိချိုး‌ ဖောက်ဝင်ရောက်ပြီး ဤကဲ့သို့တန်ဖိုးရှိလှသည့် သက်သေအားရယူပေးခဲ့ခြင်းဖြစ်သည်။ ဗဟိုပန်းခြံအမူကြောင့်ရဲတွေခေါင်းကျိန်းနေသည်မှာကြာလှပြီဖြစ်ကာ နောက်ဆုံးတွင်သဲလွန်စ ရခဲ့ပြီး ဖြစ်ကာ အလောင်းတွင်း၊ ယင်အတားအဆီးနှင့် စက်ရုံမှာ ဂန်းစတားများအတွက်ပြစ်မူကျုးလွန်ရန်သီးသန့်ဖွဲ့စည်းထားသောနေရာဖြစ်သည့်အပြင် အဝေးပြေးလမ်းနံပါတ်ကိုးမှာ သီးသန့်ခွဲခြားခံထားရသောနေရာတစ်ခုလိုဖြစ်‌ေနသည်။ ဤနေ့လိုလျှပ်တပြက်ရှာတွေ့မူကြောင့်သာမဟုတ်လျှင် ပြစ်မူကျူးလွန်သူသည် ရဲများရှာမတွေ့မီမှာပင် နေရာပြောင်းလဲနိုင်ပြီး မှန်းဆရလည်းခတ်ပေလိမ့်မည်။

     စစ်မေးခန်းထဲရှိအာရုံစိုက်နေသူများ ရဲမေ၏စကားပြောစက်မှလာသောအသံကိုကြားလိုက်ရသည်။

     " ဝူရုန်၊အမျိုးသား၊ အသက်၁၈ ၊လေးခုမြောက်တရားရုံး၌ယနေ့ပင် အလွတ်တန်းသမားအဖြစ်စာရင်းသွင်းပြီးသူ၊ သူ့ဘယ်လက်ရှိတစ္ဆေမှာ တစ္ဆေချီသိပ်သည်းမူနိမ့်ပါးကာ တတိယအဆင့်ဒုက္ခိတတစ္ဆေအဖြစ်သတ်မှတ်ခံထားရသည်"

     "ဒုက္ခိတတစ္ဆေတွေက ယင်ချီကိုတအားခံစားလွယ်ပြီး ခွေးပေါက်ဝိဉာဉ်နှင့်ပါယှဉ်တွဲလိုက်တော့ စက်ရုံရဲ့ပုံမှန်မဟုတ်မူကိုရှာတွေနိုင်ခြေတအားများပြီပေါ့"

     "ရိုက်ကူးရေးပစ္စည်းတွေနဲ့ ဒီရိုက်ကူးခွင့်အားလုံးက လျှို့ပေါင်ကနေ ချန်ချန်းကိုပေးခဲ့တာ။ နတ်ဆိုးခွေးဝိဉာဉ်တွေကအဝေးပြေးလမ်းနံပါတ်ကိုးအပေါ်တောါအကြောင်းမဲ့ပေါ်မလာလောက်ဘူး"

     အမျိုးသမီးရဲမေမှ ညင်ညင်သာသာ ထောက်ပြသည်" ဒီနှစ်ယောက်ကြား ဆက်ဆံရေးတစ်ခုရှိနေမယ်လို့မထင်ဘူးလား?"
  
     ဝူရုန်စကားမပြော သူမျက်ဝန်းထဲ၌သာနွမ်းလျှနေသောအရိပ်ယောင်တချို့ဖြတ်ပြေးသွားကာ ဒါကအကူညီမဖြစ်သော်လည်းသံကဲ့သို့မာကြောသောနှလုံးသားနှင့် ရဲဌာနတွင်နှစ်ပေါင်းများစွာအလုပ်လုပ်ဖူးသောရဲမေကိုတော့ လူပ်ရှားသွားစေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now