Ch.19 - Witch Society

504 104 6
                                    

Unicode

     ကံကောင်းစေတဲ့ချီကိုမပြောနဲ့ တစ္ဆေချီကိုက အစိုင်အခဲတစ်ခုဖြစ်လောက်အောင်သိပ်သည်းနေတာ။

    ပိုင်ကုသည် မြောင်ဂူထဲတွင် နတ်ဆိုးမြောင်များချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် ဝူရုန်သန်မာကြောင်းကို သိပြီးဖြစ်သည်။ သူမထင်ထားသည်က ထိုသူအားလုံးကသေ သွားသည့် အပြင် ဝူရုန်အစေ့ခံဖြစ်လာတာကိုပင်။ မြောင်ဂူထဲဘာတွေဖြစ်သွားခဲ့တာလဲ?

    သူ့စွမ်းရည်အပေါ်အမြဲယုံကြည်မူရှိသည့် ပိုင်ကုတစ်ယောက် တွေဝေသွားလေသည်။

     ငါ့မှာသူ့လက်အောက်ငယ်သားဖြစ်ဖို့ တကယ်ရော အစွမ်းအစရှိပါ့မလား?

     ကျုံးကူနှင့်သာဆို ခံတပ်၌ နှစ်ပေါင်းများစွာစွန့်ပစ်ခံထားရသော ကူအခင်းအကျင်းတွင်ပင်မအူတိုင်တစ်ခုရှိလာကာ အနည်းဆုံးတော့ နတ်ဆိုးမြောင်မျ ဝန်းရံမှုအောက် တစ်နှစ်ခွဲကြာခံရပြီးနောက်မှာ စတင်လာနိုင်ပြီဖြစ်သည်။ ရက်အနည်းငယ်ကြာပြီးနောက် ကောလန်ဦးဆောင်သောနတ်ဆိုးမြောင်များ ခံတပ်သို့ ထပ်ရောက်လာသည်။ သို့သော်ဒီတခါတော့ တိုက်ခိုက်ရန် နှင့် ရန်စရန် မဟုတ်ပဲ အခွင့်ရေးများစွာကို‌အလျော့ပေးလာကာ ခံတပ်နှစ်တစ်နှစ်အကြာတွင် နှစ်ဦးချင်းတိုက်ရန် စာချုပ်လာချုပ်ခြင်းဖြစ်သည်။

    "သူ့ရဲ့ နည်းပါးလှတဲ့အသက်လေးအတွက်ကောလန်ကတော့ အကောင်းဆုံးဖြစ်အောင်လုပ်နေဦးမှာပဲ"

    ပိုင်ကုတည်ငြိမ်စွာ သုံးသပ်ပြလာသည်" သူ့တစ္ဆေဆယ်ကောင် သေတာအပြင် လက်အောက်ငယ်သားအများအပြားလည်း သေဆုံးခဲ့တာမို့ ဒီအကြောင်းပေါက်ကြားခဲ့ရင် သူ့ခေါင်းဆောင်ငယ်ရာထူက မကျိန်းသေတော့ဘူးလေး။ ဒီအချိန်ဆွဲမူကပဲ သူကိုအားပြန်ယူနိုင်ပြီး ပြန်တိုက်နိုင်ခွင့်ပေးမှာမို့လေ"

    ဝူရုန် က ကျုံးကူကို ပြန်ဖြစ်တည်နိုင်ပြီဖြစ်သော်လည်း ဥမပေါက်သေးပေ။ သူထို့အရာကို မမွေးမြူရသေးပေ။ တစ်နှစ်အကြားနှစ်ဦးချင်းတိုက်ပွဲက အချိန်လုံလောက်လေသည်။ အဲ့နောက်မှာတော့ ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မလဲ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now