Ch.56.1-Chirp, chirp chirp

255 46 3
                                    

|| Unicode ||

    သူမရဲ့နေ့ဘုရင်မနှစ်တွေကုန်လွန်ပြီးနောက်မှာ ကျောက်ကုန်သည်တစ်ယောက်ဖြစ်သော လူမသိသေးသည့် ကျိုးရှင်းဟုန်နှင့် လူငယ်ဘဝမှာလက်ထပ်ခဲ့ကြသည်။ ကျိုးကျင်ကိုမွေးပြီးနောက် သူမရဲ့ရုပ်ပိုင်းဆိုင်ရာအခြေနေတွေကကပြောင်းလဲသွားပြီး သုံးနှစ်အကြာခက်ခဲစွာရှင်သန်ပြီးနောက်သေဆုံးခဲ့သည်။ ကျိုးရှင်းဟုန်သည် သူ၏ဆုံးပါးသွားသောဇနီးသည်ကို အမှတ်ရနေကာ မည်သည်အခါမှထပ်မံလက်ထပ်ခြင်းမပြုဟု ကတိထားခဲ့ပြီး သူ၏ကျောက်စီးပွားရေးမှာလည်း တစထက်တစ်တိုးပွားလာခဲ့သည်။ အခုသူသည် အသက်လေးဆယ်အတွင်းသာရှိသေးကာ အာရှအဖွဲ့စည်း၏တတိယ‌ မြောက်အကြီးဆုံးကျောက်ကုန်သည် နေရာအား ခိုင်မြဲစွာနေရာယူနိုင်ပြီဖြစ်သည်။

    ကျိုးရှင်းဟုန်၏ကံကောင်းခြင်းသည် နေ့ဘုရင်မ သေဆုံးပြီးနောက်ဖြစ်ပွားခဲ့သည့်အတွက် ပိုင်မိန်သေဆုံးမှုမှာ ကျိုးရှင်းဟုန်၏အကောက်ကြံမှု ဟု ကောလဟာလများထွက်ခဲ့သည်။

    " အာ့နတ်သမီး နှင်းဆီသူတော်စင်မ ကတကယ်ကို အံ့ဖွယ်ကောင်းတာပဲ"

    သူပြောပြီးနောက်ဟွမ်မောင် သက်ပြင်းမချပဲမနေနိုင်။ ကားထဲဝင်ပြီးနောက် ဝူရုန်သည် Lama Sima Gyastoနှင့် တကွသေဆုံးသွားသောသူရဲကောင်ကိုးဖော်နှင့်  ကျိုးသားအဖ တစုံတရာပတ်သတ်မှုရှိခဲ့သလားဆိုသည့်အကြောင်း စုံစမ်းစေသည်။ သူတို့သည် Vatican ရှိ စိန့်ပီတာဘစီလီကာ တွင်မွေးဖွားခဲ့သည်။ နှစ်ဦးတည်းသောအမျိုးသမီးထဲမှတစ်ဦးဖြစ်သော နှင်းဆီမိန်းမပျို Vivienne Angle အား ဟွမ်မောင်အလိုလျောက်ပင်နှစ်ခါကြည့်မိသည်။

    " ကျွန်တော်ကြားဖူးတာတော့သူမကဲ့ သီချင်းဆိုသံက တစ္ဆေဘုရင်ကိုတောင်နှစ်သိမ့်ပေးနိုင်ဆိုပဲ။ ဘယ်လိုတောင်လှပလိုက်မယ့်အသံလေးလဲ?"

    ဟွမ်မောင်သူလက်ထဲမှကြေညာစာရွက်ကိုဝေ့ယမ်းလိုက်သည်။ ကောင်းကင်ဘုရင်ကျိုးသည်သူ၏အယ်ဘမ်အသစ်ကို ချောင်ကျိုး၌ ပရိုမိုးရှင်းလာဆင်းခြင်းဖြစ်သည်။လူများသည့်နေရာများဖြစ်သော ရထားဘူတာလိုနေရာမျိုးတွင် အလကားရ‌ သောလူပြိန်းကြိုက်ကြေညာများစွာရှိသည်။ ထိပ်ဆုံးတွင် ကျိုးကျင်၏ အယ်ဘမ်သစ် "နှင်းကြာ" မှာ " ကောင်းကင်ဘုရင်ကျိုးရဲ့သီချင်းအများအပြား‌‌ ဒေါင်းထားပြီးပြီ၊ ပြီးတာနဲ့နားထောင်တော့မယ်" ဟူသောစိတ်အားထက်သန်မှုအပြည့်နှင့်ကြေညာရှိသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now