Ch 84- Secret Lotus Congregation

Start from the beginning
                                    

   ကျုံးကူမှ လျှို့ဝှက်ချက်ထဲမှအနည်းကိုသာ ကျိုးကျင်ပေါ်ဝူရုန်သုံးခဲ့ခြင်းဖြစ်သည်။ အကယ်၍မနက်ဖြန်ကျိုးကျင်ရောက်မလာခဲ့လျှင် သူသေသည့်အခါ ကျိုးကျင်၏ဝိဉာဉ် ကိုအလကား ရသွားမည်ဖြစ်၍ အလွန် အဆင်ပြေသည်။

    သို့သော် ဝူရုန် သည် ပို၍စိတ်ချရ‌စေရန် နှစ်ဖက်နှစ်လမ်း မှ ပြင်ဆင်ထားခြင်းဖြစ်သည်။

    "မင်း_"

    ကျိုးကျင်သည် သူမျက်ဝန်းထဲမှ ထိုသဘောထားကိုမြင်လိုက်သည်။ တမန်တော်တက်တူကိုသယ်ဆောင်ထားသည့်ဝိဉာဉ်သည် နတ်ဆိုးတက်ပို၍ ရိုးရှင်းကာ ခံစားသိမြင်လွယ်သည်။ ထိုအခိုက်တန့်တွင် ကျိုးကျင်နှလုံးသားထဲတွင် ကယောက်ဂယက်ခံစားချက်များနှင့် ခံစားချက်မျိုးစုံ ရောထွေး‌ပြည့်နှက်နေသည်။ အထူးသဖြင့် ဝူရုန်၏ အပိုအလိုခံစားချက်မရှိ အေးစက်တည်ငြိမ်သော မျက်လုံးများကိုတွေ့သည့်အခါတွင်ဖြစ်သည်။ သူ၏နောက်ကျောဘက်အေးစက်ကာ အင်္ကျီများဆုတ်ဖြဲခံထားရသော်လည်း ဝူရုန်သည် သွေးကြာပန်းအစေ့နှင့် တောင်ပံတက်တူးကိုသာစူးစမ်းခဲ့သည်။

   နတ်ဆိုးဆိုသည်မှာ စိတ်ဆန္ဒများ၏အရင်းခံဒုစရိုက်ဖြစ်ပြီး တမန်တော်သည် သန်စင်မှု၏မက်လုံးဖြစ်သည်။ ကျိုးကျင်သည် မကောင်းသောအတွေးအမြင် စိတ်ဆန္ဒများပြည်သောမျက်လုံးမျိုးစုံကိုတွေ့ဖူးပြီးဖြစ်သည် အထူးသဖြင့် အဆင်မြင့်ပိုင်း တစ္ဆေပျိုးထောင်သူများ၏ သူအပေါ်ထားရှိသောသဘောထားကိုဖြစ်သည်။ ထိုသဘောထားသည် ပို၍ ရူးသွပ်လွန်ကဲပြီး သူ၏ဝိဉာဉ်အားကိုယ်ခန္ဓာထဲအကျဉ်းချထားချကြိုးစားကြသည်။ ၎င်းသည် ပင်ကိုယ်ရှင်သန်ရန်ဖြစ်ပေါ်လာသောအသိဖြစ်သည်။ အဆင်မြင့်တစ္ဆေပျိုးထောင်သူတစ်ဦးအနေဖြင့် တန်ပြန်သက်ရောက်မှုသည် သူတို့အားလုံးဝသတ်ဖြတ်နိုင်လေရာ ကျိုးကျင်သည် သူတို့အတွက်ဆေးတလက်ဖြစ်သည်။

    ဆေးဝါးတလက်သည် မရေမတွက်နိုင်သော လောဘနှင့်မကောင်းသော အတွေးအမြင်များအားဖြစ်ပေါ်လာစေသည်။

   သို့သော်ဝူရုန်၏မျက်လုံးများသည် စူးစမ်းလိုမှုနှင့်သီးသန့်နှင့်သန့်စင်နေသည်။ တစုံတယောက်၏ဗီလာသို့ မနက်စောစောသွားခြင်းသည် တခြားသောအရွယ်ရောက်ပြီးသူများအနေဖြင့်ဆိုလျှင် မဖော်ပြနိုင်သောအတွေးအမြင်ကိုဖြစ်ပေါ်စေနိုင်သော်လည်း ဝူရုန်တွင်သူ့အတွက်ထိုသို့သောခံစားချက်မရှိသည်ကို ကျိုးကျင် မသိစိတ်အရ သိနေသည်။ ဒါတင်မကသေး ဝူရုန်သည်‌ကလေးဝိဉာဉ်များအားသူကို မည်သည့်ဆုကြေးမှမတောင်းပဲ ပြန်ပေးခဲ့ပြီး ထိုသွေးကြာပန်းအစေ့ကိုဖယ်ရှားရန်အတွက်လည်း နည်းရှိပုံရသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now