Ch 81-Soul Contract

Start from the beginning
                                    

    တမန်တော်၏သီဆိုသံသည် ဖြူစင်သန့်ရှင်းကာလှပ‌မှုနှင့်အတူ တစ္ဆေများ၏အမုန်းအငြိုးများအားချေဖျတ်ပေးပြီး သူတို့၏ခံစားချက်ကို တည်ငြိမ်စေသည်။ နတ်ဆိုးသံစဉ်သည် ပြင်းပြသည့်အချစ်နှင့်အမုန်းအားနတ်ဆိုးဆီပေးအပ်ကာ သူတို့ဗိုက်ပြည့်သွားသည့်အခါတွင် နာကျဉ်းချက်အငြိုးများကိုသက်သာစေသည်။ ၎င်းသည် တစ္ဆေများအားပို၍ ကျိုးကြောင်းသင့်စေပြီး တန်ပြန်ခြင်းများကိုလည်း လျော့ကျပေး‌နိုင်သည်။

    ဝူရုန်သည် ထင်းကန်အက်ကြောင်းထဲ၌ တစ္ဆေကြီးသည် သူ့လမ်းအားပိတ်ဆို့လာသောတစ္ဆေများအား လက်ချည်းသက်သက်ဖြင့်စုတ်ဖြဲသတ်ဖြတ်ခဲ့သည်ကိုအမြဲအမှတ်ရသည်။ အလောင်းများ ကွင်းပြင်အပြည့်ပြန့်ကျဲနေကာ သွေးများသည်မြစ်ချောင်းများလိုစီးဆင်းသွားသည်ဟုပြောလျှင်တောင်ချဲ့ကားပြောဆိုခြင်းမဟုတ်။ သူနှင့်ဝိဉာဉ်စာချုပ်ချုပ်ဆိုထားသည့်ဝူရုန်ပင် လျှင် ထိုမျှအားကောင်းလှသော သတ်ဖြတ်လိုစိတ်ကြောင့် တစ္ဆေကြီး၏အမူမဲ့အမှတ်မဲ့အခိုက်တန့်၌သတ်ဖြတ်ခံခြင်းအား ကြောက်မိသည့်အတွက်သတိအနေထားရှိခဲ့သည်။

    ထိုအချက်ကြောင့် တစ္ဆေကြီး၏စိတ်ပိုင်းဆိုင်ရာမှာ အလွန်အရေးကြီးသည့်အခြေနေတွင်ရှိနေကြောင်းပြသနေသည်။

    ရွှေချည်ရွှေအပ်များ၏ချိတ်စည်းစွမ်းအားရှိနေသေးပြီး အချိန်အတော်ကြာတန်ပြန်မှုမရှိသေးနိုင်သည့်တိုင် ဝူရုန်ဦး‌စားပေးလုပ်ဆောင်ရန်စီစဉ်ထားသည်။

   သို့သော်မကြာမီ ဝူရုန်သည် ကျိုးကျင်၏သီချင်းသံအား တစ္ဆေကြီးအနေဖြင့်မည့်သိုမျှမတုန့်ပြန်ကြောင်းတွေ့ရှိသွားသည်။

    ဆန့်ကျင်ဘက်အားဖြင့် ဝူရုန်သူကိုယ်တိုင်မှ အနည်းငယ်ငိုက်မျဉ်းလာကာ ထိုငိုက်မျဉ်းမှုသည်သူ၏ အနက်ရှိုင်းဆုံးစိတ်ဝိဉာဉ်ထဲမှထွက်ပေါ်လာပုံပေါ်သည်။ ၎င်းသည် အခေါင်းပေါက်ထဲမှထွက်လာသည့်လေများနှင့်ဆင်တူကာ အေးခဲနေသောသစ်တောကဲ့သို့ အခေါင်းပေါက်များစွာနှင့်ဒဏ်ရာများစွာမှစိမ့်ထွက်လာသလိုပင်။ဆာလောင်နေသည့်လူတစ်‌ယောက်မှ စားပွဲအပြည့်စားတော်ပွဲတစ်ခုနှင့်ကြုံရပြီးနောက်စတင်၍ ရူးသွပ်စွာ စားသုံးနေသကဲ့သို့ ကျိုးကျင်၏သီဆိုသံထဲမှ ခံစားချက်စွမ်းအင်များ လောဘတကြီးဝါးမြိုနေတော့သည်။ ကျိုးကျင်၏သီဆိုသံစွမ်းအားထဲတွင်အရောင်ရှိနေပုံရသည် ဝူရုန် နေရာပေါင်းစုံမှ မီခိုးရောင်ဖျော့ဖျော့အစက်လေးများကျဆင်းလာပြီးသူကိုယ်ပေါ်မှ မရေမတွက်နိုင်သော ဒဏ်ရာအနာများအပေါ်တွယ်ကပ်လာနေသည်ကိုဝိုးတဝါးမြင်‌နေရသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now