တင်ဆက်သူလေးကလိုင်းတက်လာတယ်!

    စိတ်လူပ်ရှားစွာဖြင့် ချန်ချုံချုံ တိုက်ရိုက်ခန်းကိုဖွင့်ဝင်လိုက်ကာ မှတ်ချက်ကဏ္ဍအားထားရစ်ခဲ့လိုက်ပြီး သူမ၏ပိုစ့်အောက်မှ ဒါဇင်ကျော်သောမှတ်ချက်များကိုကြည့်မနေတော့ပေ။

   [သောက်ကျိုးနဲ အမှန်ကြီးဟ!]

   [ တင်ဆက်သူကတကယ်ကြီးဂီတပွဲရောက်နေတာပဲ သေလို့ရပြီ!]

    <HR>

    ဝူရုန်တိုက်ရိုက်လွှင့်ခြင်းအားစတင်လိုက်ပြီး ‌လျှောက်လမ်းတွင် လမ်းလျှောက်ရန် စက္ကူအရုပ်လေးအားယူ‌ဆောင်သွားသည်။ သူကိုယ်တိုင်ကိုယ်က ဆိတ်ဆိတ်နေတက်သူဖြစ်ရာ သူနောက် သို့ လိုက်ဖူးသောဖန်များကထိုအကြောင်းသိထားပြီးဖြစ်သည် တင်ဆက်သူအားထောက်ပံ့ပေးရန်မတွေးပဲ ဆူညံ့စွာပြောဆိုနေပြီး သူတို့ကိုယ်သူတို့ ကောင်းမွန်စွာဖျော်ဖြေနေသည်။

    [ ကျားယန်ကအရင်တည်းကပိတ်သွားပြီ! မှောင်ခိုသမားဆီကလက်မှတ်လို့ရ‌တာတောင် သွားမရဘူး qaq]

    [ တင်ဆက်သူကအရမ်းကံကောင်းတာပဲ သူတိုက်ရိုက်စလွှင့်တုန်းက ကောင်းကင်ဘုရင်ကျိုးနဲ့ တွေ့လိုက်သေးတယ်]

    [! ! Fck me အာ့တာကကောင်းကင်ဘုရင်ကျိုးလေ ငါသာကောင်းကင်ဘုရင်ကျိုးရဲ့ တိုက်ရိုက်လွှင့်တာကိုဘဝမှာတခါလောက်နားထောင်ရရင် သေရင်တောင် နောင်တမရတော့ဘူး ငါသူ့ဖန်ဖြစ်တာဆယ်နှစ်လောက်ရှိပြီ!]

   [ ရုန်းရုန်း အမေကမင်းကိုကြည့်ပါစေဦး ဝိတိကျသွားလား? ကျားယန်မှာအရသာရှိတဲ့အစားအစာတွေအများကြီးပဲ များများစား!]

   နယ်ခံသူဌေးကြီးက တိုက်ရိုက်ခန်းထဲ၌အာကာသလွန်းပျံယာဉ်ကိုကျဲချလိုက်သဖြင့် မျက်နှာပင်တွက်အထူးပြလုပ်ချက်အရောင်များတလက်လက်ထသွားပြီး ပလက်ဖောင်းမှ ကြည့်ရှူသူများအားပိုဆွဲဆောင်မှုရှိစေသည်။ ယခုထုတ်လွှင့်သည့်အချိန်မှာ ပုံမှန်အချိန်ဖြစ်နေခြင်းကြောင့် လူအများစုမှာအလုပ်ထဲတွင်ရှိနေကြသည်ညသို့သော်လည်း တိုက်ရိုက်ခန်းထဲမှကြည့်ရှုသူအရေတွက်သည် တစ်သန်းထိလျင်မြန်စွာတိုးသွားပြီး ခွေးစာ နှင့်ကြက်စာလို လက်ဆောင်အသေးလေးများ မျက်နှာပြင်ပေါ်ပျံဝဲနေသည်။အသစ်‌ ရောက်လာသူများတွင် သံသယအချို့လည်းရှိသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now