" ဘုရင်ကြီးကိုလက်ဆောင်ပေးဖို့ပစ္စည်းကောင်းလေးတချို့လိုချင်နေသေးတယ် ဒါပေမယ့် အဲ့ဒါကတကယ်ကြီး ငါလက်လှမ်းမီတာထက်ကျော်လွန်နေတယ်။ ဟေး ညီအကိုကောင်းရေ မင်းတစ်ခုခုကိုရှာနေတာလား? ငါကြားတာတော့ အကောင်းဆုံးတိဘက်ထိပ်တန်းလျှို့ဝှက်ရတနာဆယ်ခုက ဘုရင်ဖေးရဲ့ရတနာအိမ်ထဲရှိတယ်ဆိုပဲ။ အကယ်၍ အဲ့တာက ရတနာအိမ်ထဲမှမဟုတ်ရင် သူကဘယ်မှာ ဖွတ်ထားမှာလဲ?"

"မင်းအာ့အကြောင်းကိုကြားတယ်ပေါ့?"

"မင်းဘယ်ကကြားတာလဲ?"

ဆရာသခင်လင်းယွင်အေးစက်စက်နှာမူတ်လိုက်သည် ထိုနောက်သာမန်မျက်နှာနှင့်လူသည် သူ့လက်အားမြှောက်အာ အငှားကားလှမ်းခေါ်လိုက်ပြီးနော် " *အပယ်ငရဲ(နေရာတစ်ခု၏အမည်) ကိုသွားပါ"

"ညီကို မင်းကသွားပျော်မယ်ပေါ့ အမ်?"

သူပြောလိုက်သည့်နေရာကိုကြားသည့်အခါ တက်စီမောင်းသမားသည် ယောင်္ကျားချင်းချင်းသာနားလည်သည့် ဒွိဟဖြစ်စရာအပြုံးကိုပြုံးပြလေသည်။ တချက်ကြည့်ရုံနှင့် သူသည် စနီယာအဆင့်လူဆိုးကောင်ဆိုတာသိသာသည်။ သူ့ပါးစပ်တွင်စီးကရက်ကိုကိုက်ခဲလျက် ညွှန်ကြားနေသည် " အကယ်၍ မင်းမူလလက်ဟောင်းစတိုင်အကြောင်းပြောမယ်ဆိုရင်တော့ အနီရောင်ကြာပန်းကလပ်ကိုသွားသင့်တယ်။ အခုပြဿနာက ဧည့်သည်ကိုဘယ်သူမှ ထပ်ပြီး လက်မခံတော့တာပဲ...အာ အာ့တာအရမ်းကို ရက်စက်တာပဲ"

လူအိုကြီးယန်သေဆုံးမှုသည်ကျားယန်မှလူတိုင်းသိပြီးဖြစ်သော်လည်း အောက်ခြေမှလူတန်းစားကြားထဲတွင်တော့ကောလဟာလများမပြန့်လာခဲ့။ ဤနေ့ခေတ်များတွင် ပြည့်တန်ဆာနှင့်တစ္ဆေများမည်သည့်နေရာကိုမဆိုသွားကြပြီး ပြည်တန်ဆာများသည်ကောင်းကင်ရောမြေကြီးကိုပါသွားနေကြကာ တစ္ဆေပြည့်တန်ဆာများသည် ကြာနီကလပ်ကိုသွားကြသည်။ အပယ်ငရဲသည် ယခုနှစ်မှအသစ်ဖွင့်ထားခြင်းဖြစ်ပြီး ထိုနေရာရှိ ရာဂတစ္ဆေများအားလုံးသည်အလွန်တရာကြည့်ကောင်းကြသည်။ ကြာနီကလပ်မှရေပန်းစားမှုတချို့ကိုရယူလိုက်ရန်အချိန်အများကြီးမယူလိုက်ရပေ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now