Ch 61 - Chirp,chiirp

Start from the beginning
                                    

    သူသည်ထိုဆွဲခံလိုက်ရသည်ကိုအခွင့်ကောင်းယူ၍တစ္ဆေကြီးအနီးသို့ ကပ်ရန်ဖြစ်ပြီး လူတစ်ယောက်နှင့် တစ္ဆေတစ်ကောင်မှာ မျက်နှာချင်းထိလုနီးပါးမျက်နှာချင်းဆိုင်ရပ်နေကြတော့သည်။ တစ္ဆေကြီးမှာ ဝူရုန်ထက် အရပ်ရှည်သဖြင့် ဝူရုန်ကြည့်လိုက်သောအခါ သူ၏ဖျော့တော့ကာ ပါးလျသောမေးရိုး၊ ရွှေချည်ကြိုးဖြင့်ချုပ်ခံထားရသည့် အရော့ဖျော့ဖျော့နူတ်ခမ်းတို့ကိုတွေ့လိုက်ရသည်။ သွေးများစွန်းထင်းနေသောတစ္ဆေကြီး၏နူတ်ခမ်းမှာနီဆွေးနေလျက် ဆွဲဆောင်မှုရှိရှိ ရွှန်းစိုနေသော်လည်း မိန်းမဆန်နေခြင်းမရှိ သူ၏လျစ်လျူရူကာ ဆန်ကျင့်ဘက်ဖြစ်‌ စေသော ခံစားချက်မျိုးကိုပေးစွမ်းနေသည်။

    အေးစက်ပြီး ခန်းနားထည်ဝါခြင်းမျအချင်းချင်းတိုက်ခိုက်နေကြကာ အလွန်ကြည့်ကောင်းလွန်း၍မွန်းကြပ်လာစေသည်။ တစ္ဆေကြီး၏မျက်နှာအားငေးကြည့်နေရင်း ဝူရုန်ခဏမျှစိတ်လွတ်သွားသည်။ သူသည် ‌ကြုံတောင့်ကြုံခဲ တစ္ဆေကြီးနှင့် မျက်နှာချင်းဆိုင်ရခြင်းဖြစ်ကာ အခု တည်ကြည်လှသည့်တစ္ဆေကြီး၏အသွင်အပြင်ကိုကြည့်ရင်း ဝူရုန်ရုတ်တရက် အနည်းငယ်ရင်းနှီးသည်ဟုခံစားလိုက်ရသည်။ ကျီးကန်း၏အတောင်လိုနက်မှောင်သည့်ဆံပင်ရှည်များကသူ၏မျက်နှာအသွင်အပြင်တချို့အားဖုံးထားရုံသာဖြစ်သည်။ မသိစိတ်အရဝူရုန်မှာ လက်ကိုမြှောက်လိုက်ပြီး တစ္ဆေကြီး၏ဆံပင်များကိုစည်းပေးချင်မိသွားသည် နောက် အနည်းငယ်မျှသောလူပ်ရှားမှုဖြင့် သူ့လက်အားတစ္ဆေကြီးမှတားဆီးလိုက်ခြင်းသာခံစားလိုက်ရသည်။

    "ဘော့စ်ရုန် မင်းရဲ့လက်နဲ့အာ့တာကိုအရင်မထိနဲ့ဦး ငါပေးထားတဲ့ဇာဂနာလေးကိုသုံး ပြီးဆွဲထုတ်ရုံပဲ အားအများကြီးမသုံးရဘူး!"

    ဆုရှောင်းမီ၏ထိတ်လန့်တကြားညွှန်ကြားမှုမှာ သူ့စိတ်ထဲထွက်ပေါ်လာခဲ့ပြီး တစ္ဆေကြီးနှင့် မျက်လုံးချင်းဆက်သွယ်မှုမှာ ခဏမျှသာဖြစ်ကာ ထိုနောက်မှတော့ တစ္ဆေကြီး၏အေးစက်ကာကျောက်စိမ်းလိုမာကြောသောလက်ချောင်းများကဝူရုန်မေးစေ့အားထိကိုင်လိုက်ပြီးနောက် မေးကိုမော့လာစေသည်။ ဝူရုန်တည်ငြိမ်စွာပင်သူ့မျက်နှာအားအနည်းငယ်မျှမော့လိုက်သည် ။သိသာစွာမျက်လုံးများကိုရွှေချည်ချိတ်စည်းဖြင့်ပိတ်ခံထားရသည့်တိုင် ဝူရုန်မှာ သူ့အားစစ်ဆေးနေသည်ဟုခံစားရသည် မမြင်နိုင်သောယင်ချီများသုမျက်နှာဆီပွတ်တိုက်နေပြီး တစ္ဆေကြီးမှာ အဘယ်ကြောင့်ဤတစ်ကြိမ်တွင် ဝူရုန်နာခံနေရသနည်းဟု စူးစမ်းနေပုံရသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now