"လူတိုင်း လာကြည့်ကြ ဒီသူခိုလေးက ကျုပ် လီလောင်စန်းကို ကျောက်အတုလာရောင်းတယ်တဲ့လေ ဒီလိုခံရသင့်တယ် "

    လက်သီးဆုပ်အရွယ်ကျောက်မှာ သူကြောင့်ပျက်ဆီးသွားပြီး ဖန် သွားတိုက်ဆေး ခွံ အရောင်ဆိုးထားသောပလက်စတစ်အိတ် စသည်တို့ဖြင့်ပြည့်နေသည်။ ဘယ်လိုပဲကြည့်ကြည့် ကျောက်အတုတစ်ခုဖြစ်သည်။ ဘေးနားရှိခရီးသွားတို့မှာ ဆူညံပူညံဖြစ်ခြင်းကိုမလိုချင် ယခုပြဿနာသည်လည်း ကျောက်တုံးကြောင့်ထပ်မံဖြစ်ပွားသည်ဖြစ်ရာ စိတ်မဝင်စားကြတော့။ ဆုရှောင်းမီမှာ တာအိုဝတ်စုံဝတ်ထားသည်ဖြစ်ရာ သူနှင့် ဆက်ဆံရေးကောင်းတစ်ခုဖန်တီးချင်သူအချို့တော့ရှိသေးသည်။ သို့သော် လီလောင်စန်းနှင့်သူ့အပေါင်းတို့မှာ ဝက်ဝံများလိုသန်မာသည်ကိုတွေ့သည့်အခါ တချက်ကြည့်ရုံမျှဖြင့် သွားရှုပ်ရန်မလွယ်‌ကြောင်းရှင်းနေသည်။သူတို့အားလုံးသူ့တို့အခွံထဲပြန်မြှုပ်နေကြသည်။

    " ကျွန်တော်ကိုသေချာမကြည့်ထားမိလို့ ဒီအရိုင်းစိုင်းကလွတ်သွားပြီး အရာရှိတို့ကိုနှောင်ယှက်မိပါပြီ ကျုပ် လီလောင်စန်းကပဲတောင်းပန်ပါတယ် "

     လီလောင်းစန်က ဝန်းရံလာသည့်အစောင့်များစီ ပြေးသွားလိုက်ပြီး ခေါင်းငုံကာ တောင်းပန်လိုက်ရင် မျက်နှာပြုံးပြုံးဖြင့် စီးကရက်ကောင်းအထုတ်အချို့ကိုကိုင်ဆောင်ထားသေးသည်။

    " မင်း စန်းအာ ကတော့ တနေကုန်ပြဿနာရှာနေတော့တာပဲ "

   အစောင့်ခေါင်းဆောင်မှာ ရယ်မော၍ဆူပူလိုက်သည် သိသာစွာပင် သူသည်လီလောင်စန်းကိုသိနေကာ သူ့ဆီမှစီးကရက်ကိုယူ၍ အိပ်ထဲပုံမှန်လိုပဲထည့်လိုက်ကာ ‌ငုံ့ကာ ဆုရှောင်းမီကိုကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ " သူက‌ဘယ်လို တာအိုဘုန်းကြီးဖြစ်နေသေးတာလဲ?"

    " တာအိုအတု အတိအကျကိုတာအိုဘုန်းကြီးအတုပါ"

    လီလောင်စန်းသည် သူ့ရင်ဘက်ကို ရိုက်၍ အခိုင်မာပြော လိုက်ပြီး သူအသံနေထားက ကျိန်းသေးနေကာ " ဘုန်းကြီးကမလိမ်ဘူး ဒီအရိုင်းစိုင်းကောင်က လိမ်ညာလှည့်ဖျားတယ်လေ။ ကြည့်လိုက်တာနဲ့ လူကောင်းဟုတ်မနေဘူး "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now