Ch.56.1-Chirp, chirp chirp

Start from the beginning
                                    

    ဝူရုန်သည့်ရထားကော်ရစ်တာရှိ ပြတင်းပေါက်‌နားတွင်ထိုင်နေပြီး ခွေးနက်ကြီးမှာ သာမန်ခွေးတစ်ကောင်အရွယ်ကျုံ့ထားပြီး ဝူရုန်ပေါင်ပေါ်တွင် နာခံစွာလှဲနေသည်။ ပြတင်းပေါက်ပေါ်တွင် ပင့်ကူအကြီးနှင့်အသေးတစ်ကောင်စီရှိ‌နေသည်။ လူမျက်နှာ ပင့်ကူအားအမဲလိုက်ရန်လွှတ်လိုက်စဉ်က သူများအိမ်မှကိုးကွယ်ထားသည့် ကလေးဝိဉာဉ်ကို သယ်လာခဲ့သည်။ ပြဿနာကြီးမဟုတ်သည့်တိုင် ဝူရုန်သည်သူ့အားအပြင်ထွက်ခွင့်ပိတ်ပင်လိုကာ ပင့်ကူလေးကသူအားအားနည်းစွာစိုက်ကြည့်နေတော့သည်။

    ဝူရုန်သည် စုန်းပညာရှင်ထံသို့အချက်လက်များပေးပို့နေစဲဖြစ်သည်။ သူသည် သုံးရလွယ်သော သန်စင်အမြစ်မဲ့ရေကိုရရှိခဲ့သည်။ စုန်းပညာရှင်မှာအလွန်စကားများသည်။ စတင်လိုက်ပြီးဆိုသည်နှင့် မရပ်တန့်နိုင်တော့။ သူသည်လည်းကျားယန်တွင်ရှိနေကာ သူသည် မသမာနည်းလမ်းနှင့်တကိုယ်ကောင်းဆန်သည့်အရာအားလုံးကို ထုတ်ဖော်ပြနေသည်။

    [ စုန်းပညာရှင် : ဟေး မင်းဘယ်လိုထင်လဲ? စာဝါငှက်လေးကသေတော့မယ် မင်းအရင်လက်ဦးမှုယူချင်လား?]

    [ စုန်းပညာရှင် : ဘာကိုဆိုလိုတာလဲ?]

    ဘယ်သူ ဘယ်သူ?

    ဝူရုန်သည် စုန်းအဖွဲ့စည်းသည် မကောင်းသည့်နတ်ဆိုးအဖွဲ့စည်းဆိုသည်ကို အမြဲအမှတ်ရထားသည်။ သူလိုက်လျောညီထွေနေသော်ငြားလည်း စုန်းပညာရှင်၏ တချို့သောဗန်းစကားများကြောင့်နားမလည်နိုင်ဖြစ်ရတာများသည်။ အချိန်တိုင်းလိုလို တွေးတောနေခြင်းကြောင့်တိတ်ဆိတ်သွားရသည်။ သို့သော် သူအားစုန်းပညာရှင်မှမ မျှော်လင့်ပဲ အပြင်လူတစ်ယောက်ကဲ့သို့ လုံးဝသဘောမထား စာတိုများစွာထွက်ပေါ်နေသည်။

     ဝူရုန်သည် ဤနေရာမှဗီလိန်များနှင့် များစွာဆက်သွယ်ရန်စိတ်ကူးမရှိ သန့်စင်အမြစ်မဲ့ရေ ဝယ်ယူပြီးလျှင် ဘာမှထပ်လုပ်စရာမရှိ‌ တော့သည့်အတွက်အသင်းထဲမှထွက်မည်ဖြစ်သည်။ မမျှော်လင့်ပဲ စုန်းပညာရှင်မှ ဖုချင်းအကြောင်းပြောလာခဲ့သည်။

    [ စုန်းပညာရှင် : fck! မင်းသိလားမနေ့က ကျိုးအိမ်မှာငါဘယ်သူနဲ့တွေ့ခဲ့တယ်ဆိုတာ ? ချွမ်ယန်ကျီဖုချင်းဟ! ကြောက်လို့သေတော့မယ်၊ သူကအခုယန်ကျားဖင်းကရှိနေရမှာမလား? ဘာလို့ကျားယန်ကိုရောက်လာရတာလဲ? ငါတကယ်ကိုနားမလည်တော့ဘူး]

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now