Ch.53-Bad mouth ,bad mouth

Start from the beginning
                                    

    " ငါနဲ့အတူချန်ချန် (ဟွမ်းမောင်)ကိုခေါ်သွားဖို့စီစဉ်ထားတယ် "

    ဝူရုန်တွေးလိုက်ပြီးနောက် " ချင်းလင်းကအိမ်မှာကျန်ခဲ့ရမယ် "

    မနေ့တနေ့က ဝူရုန်သည် ချင်းလင်းကူကို သစ်သားအနှစ်ပါးပါးလေးကျွေးခဲ့သည်။ စားပြီးသည်နှင့်ချက်ချင်းပင် ၎င်းသည် ဥယျာဉ်ငယ်ထဲရှိ ဆေးဘက်ဝင်အပင်များကြားတွင် အသိုက်လုပ်တော့သည် ဖြစ်နိုင်တာက အရေခွံလဲတော့မည်ပုံပင်။ ချင်းလင်းကူ၏ အရေခွံလဲခြင်းမှာ ပင့်ကူလေးနှင့်ကွာခြားသည်။ အချိန်ကြာပြီး စွမ်းအင်အများအပြားကုန်သည်။ အရေခွံလဲခြင်းမတိုင်မီ ၎င်း၏အခြေနေမှာ ဆောင်းခိုသောအခြေနေနှင့်တူညီပြီး မလှုပ်မရှား နေတက်သည်။ စိတ်ဝိဉာဉ်ကူများမှာ ရှားပါးသောစိတ်ဝိဉာဉ်ပစ္စည်းများဖြစ်ပြီး အဆင့်တက်ရန် အလွန်ခက်ခဲကာ ဤကဲ့သို့အခွင့်ရေမျိုးမှာ ရှားပါးသည့်အတွက် ဝူရုန်သည် မြွေစိမ်းလေးအား အိမ်တွင်ချန်ခဲ့ကာ ငြိမ်းချမ်းစွာအခွံလဲစေလိုက်သည်။

     သူအစီစဉ်ချလိုက်သည်။ အခုဝူရုန်ကအရင်ကလိုမဆင်းရဲတော့။သူ့ကိုယ်ပေါ် အမျိုးမျိုးသောသောင်းပြောင်းထွေလာများရှိနေသည်။ ဖုချင်းကတော့ရိုးရှင်းသည် မဟော်ဂနီဓားနှင့် အမျိုးမျိုးသောပစ္စည်းကရိသာများပါဝင်နေသည့် အဝါရောင်အထည်အိပ်သာပါသည်။ သို့သော် ရုတ်တရက်တိတ်ဆိတ်သွားသည့် စုန်းပညာရှင်မှာ ညနေဘက်ထွက်ပြန်ပေါ်လာပြီး ပြောသည် " မင်း …ဒီကို တစ်ယောက်တည်းပဲလာရမယ် "

    "မရဘူး"

    ဝူရုန်သည် ဧည့်ခန်းထဲအဆောင်ဆွဲနေသောဖုချင်းကိုငဲ့ကြည့်လိုက်ပြီးနောက် "သုံးယောက်"

    ဟွမ်းမောင်မှာလည်း သူတို့နှင့်အတူပါလာမည်ဖြစ်သည်။

    "အို~သုံးယောက်ပေါ့"

    ကွမ်တုံ ကွမ်ရှီ လုံခြုံရေးဇုန်  ရုန်ချန် ရှိ တန်ဖိုးကြီးဇိမ်ခံဗီလာ ထဲမှ ခေါင်းမွှေးစုတ်ဖွားနှင့် မျက်နှာမီးလောင်ထားသည့် ဆရာသခင်လင်းယွင်မှာ စိတ်ဓာတ်ကျစွာအသက်ရူထုတ်လိုက်ပြီးနောက်တွင် သူအသံ‌အနေထားပင် သွက်လက်လာသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now