Ch.52.1-Tick tack tick tack

Zacznij od początku
                                    

   ဖုချင်းကအိတ်ထဲမှတစုံတရာထပ်မံထုတိနေသည်ကိုမြင်လိုက်သောအခါ ဝူရုန်သူထက်အရင်လက်ဦ်းကာ သူလက်ကိုတွန်းလိုက်ပီ့း ခေါင်းကိုခါယမ်းလျက် " ငါအရင်နည်းလမ်းရှာပါဦးမယ် "

    ဖုချင်းဖိတ်ခေါ်ခံထားရမည်ကိုသူမမျှော်လင့်ထား ဒါကအိပ်ချင်နေတုန်း ခေါင်းအုံးရလိုက်တာနဲ့တူသည် သို့သော်ငွေကြေးအခက်ခဲမှာ ဝူရုန်အားလည်ပင်းနင်နေစေပြီး *ကြေးပြားတစ်ချပ်ကပင် သူရဲကောင်းအားအခက်တွေ့စေသည် (*အလုပ်တစ်ခုပြီးမြောက်ရန် ကိစ္စကြီးများကို ကိစ္စသေးလေးတစ်ခုကပင်တားဆီးထားနိုင်သည်။ ဆိုလိုသည်မှာ အလွန်လုပ်ဆောင်နိုင်စွမ်းရှိသူပင် ကိစ္စအရပ်အသေးလေးနှင့်ရင်ဆိုင်ရသည့်အခါ အကူညီမဲ့တက်သည် )

    ငါ ခဏလောက်တိုက်ရိုက်လွှင့်ခြင်းကိုစာချုပ်ချုပ်ကိုရှာမယ် ပြီးရင် ဥယျာဉ်လေးထဲကဆေးပင်တွေကို ဈေးအနည်းငယ်လျော့ပြီးရောင်းမယ် ဒါအပြင် ထင်းကန်ထဲကရလာတဲ့ မှန်အပိုင်းအစနဲ့ကျောက်တုံးခေါင်းပန်းပုလည်းရှိတယ်။ မလိုအပ်တဲ့အရာအားလုံးကို ရောင်းပစ်မယ်

    ထိုသို့တွေးပြီးနောက် ဝူရုန်သတိပြန်ကပ်လာသောအခါ သူ့ကိုစကား‌ ပြောရန်တွန့်ဆုတ်‌ နေသော ဖုချင်းကိုသတိထားမိလိုက်သည်။ မျက်ခုံးများအနည်းငယ်တန်းနေကာသူအမူယာမှာလည်း နားလည်ရခက်လှသည်။ သူစိတ်ထဲမှသက်ပြင်းချလိုက်ပြီးနောက် စိတ်ရှည်ရှည်နဲ့ရှင်းပြလိုက်သည် " ငါမင်းပိုက်ဆံကိုပဲ အမြဲသုံးနေလို့မရဘူးလေ။ မင်းငါကိုချေးထားလို့တော့ရပါတယ် "

"ဘာလို့လဲ?"

    သူ့စကားကိုကြားသောအခါဖုချင်း သဘောမတူချင်သလိုမျက်မှောင်ကြုတ်သွားပြီး " ငါတို့ကသူငယ်ချင်းတွေမဟုတ်ဘူးလား ?"

    "မင်းနဲ့ငါက ကံကြမ္မာဆက်နွယ်မှုရှိတာမို့ ငါ့ပိုက်ဆံကိုမင်းသုံးတာကြိုက်တယ် "

     ဝူရုန်...

    ဝူရုန်ပြောစရာစကားမဲ့သွားသည်။ သူ ဖုချင်းအားစည်းရုံးသိမ်းသွင်းသည့် အလွန်ကြီးမားခက်ခဲသော တာဝန်ကို လက်လျော့လိုက်သည်။ တကယ်တမ်းကျ သူသည် ဖုချင်းကဖြစ်သင့်လိုဖြစ်လာတာဟူသော သဘောထားကြောင်း သိမ်းသွင်းခံရလုနီးပါဖြစ်သွားရသည်။ သို့သော် ရှင်သန်ရာဘဝတွင်အမြဲလိုလိုအောက်ဆုံးမျဉ်းဆိုတာရှိလေသည်။ *နူးညံသောအစာကို မစားခြင်းနှင့်အကြိမ်မရေမတွက်‌အောင်စားသုံးခြင်းသာရှိသည် (*soft food mean sugar baby)။ ဝူရုန်အကိုပေါင်နှင့်အတူရှိစဉ်က ‌သူ့‌ဘေးတွင်ညငယ်ရွယ်လှပသော မိန်းကလေးများစွာကိုတွေ့ဖူးသည်။ သူတို့သည် အလုပ်ကြိုးစားခြင်းမရှိပဲပိုမိုလွယ်ကူသည့်ဘဝနောက်ကို လိုက်ကြကာ သူတို့ ခန္ဓာကိုယ်နဲ့ငွေကြေးအားလဲလှယ်ရန် လေ့လာကြသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Opowieści tętniące życiem. Odkryj je teraz