Ch.50-Drop drop,drop drop

Mulai dari awal
                                    

    "အရသာရှိတယ်"

    "အာ့တာမင်းအတွက်"

    ဖုချင်းသည်နဂါးသွဲ့ကျောက်ဗူးအားပြန်မယူ‌။ ထိုအချိန်ကဝူရုန်၏မျက်နှာသအမူယာကိုကြည့်၍ သူမျက်လုံးများနွေးထွေးလာပြီး သတိပေးလာသည် " အခုမင်းကိုယ်ထဲမှာ ယင်ဓာတ်တွေတအားများနေတယ် ဒါကြောင့်မင်းထပ်ပြီးသောက်လို့မရဘူး"

    အနည်းငယ်ယစ်မူးနေသည့်ခံစားချက်မှာ အလွန်သက်သောက်သက်သာရှိကာ အန္တာရယ်မှ နောက်ဆုံးကင်းလွတ်လာပြီး ကမ္ဘာအစစ်ကိုပြန်ရောက်လာသည့်ခံစားချက်နှင့်ပါယှဉ်လိုက်သောအခါ ဝူရုန်၏တင်းမာနေသောအာရုံကြောများနောက်ဆုံး ဖြေလျော့သွား၍ သူ သူ့ကိုယ်ကိုမူးယစ်နေစေလိုက်သည်။ သူ ပြုံး၍ သာမန်ကာလျှံကာပင်  ခေါင်းငြိမ့်ပြကာ လေချွန်လိုက်သည်။ ထိုနောက် ဖုချင်းနှင့်စကားဆက်ပြောလေသည် :

    " ငါဒီတစ်ခေါက်ပြန်ထွက်လာတော့ငါနဲ့အတူ အန္တာရယ်များတဲ့အရာတွေအများကြီးပြန်သယ်ခဲ့တယ်"

    ဝူရုန်သွက်လက်စွာစကားပြောလိုက်ရင်း သူ့မျက်မှာမှသွေးများကိုသန့်ရှင်းပေးနေသည့်ဖုချင်းလက်ကိုဆွဲယူလိုက်ကာ သူလက်ထဲကိုင်ထားလျက် အလေးနက်ထား၍ ပျှော်ရွှင်စွာဖြင့် " ငါအများကြီးသယ်ထုတ်လာခဲ့တာ"

    ထိုနောက်မှာတော့ သူတို့နောက်ပါးမှ အုတ်အော်သောင်းနင်းဖြစ်လာသည်။ ချည်းကပ်လာသည့်ရူပ်ယှက်ခက်နေသောခြေသံများနှင်အတူ အော်ဟစ်သံ ထိတ်လန့်တကြား‌ အော်သံ များပါရောပါလာသည်။

    "အဆိပ်သင့်ပင့်ကူမရှိတော့ဘူး!"

    " ဂရုစိုက် အာ့တာကအရမ်းအဆိပ်ပြင်းတယ် မြန်မြန်ဖမ်း!"

    " အရှေ့ကလူတွေလမ်းဖယ် အဆိပ်သင့်ပင့်ကူကိုသတိထား!"

    သူတို့ အနက်ရောင်အရိပ်အဖွဲ့ အုပ်လိုက်ဝူရုန်ရှေ့သို့ အလင်းအလျင်နူန်းဖြင့်ပြေးဝင်လာသည်ကိုတွေ့သည် သိသိသာသာကို၎င်း၏တကိုယ်လုံးနက်မှောင်နေသော်လည်း သူ၏ခြေလက်ရှစ်ခုမှာ သန့်စင်သောအဖြူရောင်ဖြစ်ကာ ၎င်းသည်ဝူရုန်ရှေ့သို့မျက်စိတမှိတ်အတွင်းရောက်သွားသည် ပေါ့ပါးလွန်းကာ လေထဲမျောနေသကဲ့သို့ပင်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Tempat cerita menjadi hidup. Temukan sekarang