Ch.49.1-Woof woof?

Start from the beginning
                                    

     ဝူရုန်ခွေးတစ္ဆေကိုကြည့်လိုက်ပြီး ခွေးကြီးမှာ သူနောက်တွင်တိတ်ဆိတ်စွာထိုင်နေကာ သူ၏ နားရွက်ချွန်များက ဝူရုန်ဘက်လှည့်ထား၍ သူမျက်လုံးများက တည်ငြိမ်ကာ ‌သစ္စာရှိလှသည်။ ၎င်းသည်ဝူရုန်၏တွန့်ဆုတ်နေမှုကိုသတိပြုမိပုံပေါ်ကာ ဝူရုန်၏ပုခုံးအား သူ၏စိုစွတ်နေသောနူတ်ခမ်းဖြင့် ညင်သာစွာတို့ထိလာသည်။

    "Woof wuu"

     " မင်းဒါကိုလုပ်နိုင်တယ်လား?"

    ထိလိုက်သည့်အခါတွင် ဝူရုန်သူ၏ဆိုလိုရင်းကိုမသဲမကွဲနားလည်လိုက်ကာ သူဘယ်နေရာ၌ရှိနေနေ ခွေးကြီးမှာသူ့အနားပြေးလာနိုင်လေသည်။

    အချိန်တွေကုန်ဆုံးနေကာ ဝူရုန်သူ့စိတ်ကိုပြင်ဆင်လိုက်ပြီး အစိမ်းရောင်စိတ်ဝိဉာဉ်ကူကို‌အဝေးသို့ထားလိုက်ကာ မျက်လုံးမှိတ်လိုက်ပြီးနောက် သူလက်ကိုဟွေ့ရှင်းပုခုံးပေါ်တင်လိုက်သည်။ ဟွေ့ရှင်း၏ဗုဒ္ဓကျမ်းစာရွတ်ဆိုနေသည့်အသံတိုးတိုးကိုနားစဉ်နေရင်း မူလကသူ့အနားတွင်ရှိနေသည့်အေးစက်သိပ်သည်းလှသည့်အေးစက်မှုမှာတဖြည်းဖြည်းနွေးထွေးငြိမ်းအေးလာသည်။ ချောက်ကမ်းပါးအနီးဘက်ခြမ်းမှာ ဆက်လက်အက်ကွဲနေပြီး နှစ်ဦးသားမှာ တောင်နံရံအနီး‌သို့လျှောက်လှမ်းနေကာ ‌ဟွေ့ရှင်းခြေလှမ်းမှာအရမ်းမမြန် ဝူရုန်သူနောက်မှလိုက်ပါသွားသည်။

    မင်းမျက်လုံးကိုမှိတ်လိုက်တဲ့အခါမင်းရဲ့တခြားအာရုံတွေကပို‌အားကောင်းလာတယ်

     ဝူရုန်သည် နေရာတိုင်းမှထွက်ပေါ်လာနေသည့်အဓိပ္ပါယ်မရှိသည့်အသံများကို ကြားနေရသလိုပင်။ ယောင်္ကျားများ မိန်းမများ ငိုလိုက်ရယ်လိုက်ပြုလုပ်နေသောအသံများဖြစ်သည်။ အသံများကသေးငယ်သော်ငြား မှော်ဆန်ဆန်သူစိတ်ထဲလှည့်ပတ်နေသဖြင့် သူကိုတွေးဝေမိန်းမောနေစေပြီး စိတ်ထဲ၌ လိူင်းဂယက်ထနေစေသည်။ သူသည်ထိုဗလုံးဗထွေးအသံများနှင့်ပေါင်းစပ်လိုက်ချင်သည်။ သို့သော်အချိန်တိုင်း လမ်းတစ်လျောက် ‌ဟွေ့ရှင်း၏ကျမ်းစာရွတ်ဖတ်သံမှာ ထိုလိူင်းဂယက်များအားနွေးထွေးစွာ လွှမ်းခြုံသွားပေးသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now