Ch.46-Woof,woof,woof!

Start from the beginning
                                    

    သူ မြန်မြန် ကျုံးကူကို ဥ‌ ဖောက်ပေးရန်လိုအပ်သည်။

    တစ္ဆေကြိး၏တည်ရှိမှုမှာ ဝူရုန်အားအလွန်လုံခြုံသည်ဟုခံစားရသော်လည်း တချိန်တည်းမှာပဲ အလွန်အကာကွယ်မဲ့သည့်ခံစာူချက်ကိုရစေသည်။ ထိုသို့ရောထွေးနေနေမှုမှာ သူ့ခံစားချက်များအားရူပ်ထွေးစေသည်။ သူ့ဘယ်လက်မှ အေးစက်နက်မှောင်သောစွမ်းအင်များပျံ့နှံ့လာသည့်ကိုကြုံသည့် အခိုက် ဝူရုန်ခဏမျှဘာလုပ်ရမည်ကိုမသိတော့ပေ။ အကယ်၍တစ္ဆေကြီးသာသူ့ကိုယ်ထဲမှထွက်သွားခဲ့လျှင့်အခုကစ၍သူစိတ်သက်သာရာရသွားမည်လား သို့မဟုတ် သူပို၍သတိထားကြောက်လန့်လိမ့်မည်လား ?

    သို့သော် လက်ရှိအခြေနေ ထင်းကန်အပ်ကြောင်းထဲ၌ တစ္ဆေကြိးသားတကယ်ကြီး ပြန်ကိုက်၍ လွတ်မြောက်လိုလျှင် ‌ဤနေရာ၌ရှိနေသော တစ္ဆေရောလူပါနှစ်ဦးလုံးသေမည်မှုကျိန်းသေဖြစ်သည်။ တချို့သောအကြောင်းတရားများကြောင်ါ ဝူရုန်သည်တစ္ဆေကြီး၏ခွန်အားအပေါ် ယုံကြည်မှုရှိသည်။ ကံကောင်းစွာနှင့်ပင် ယခုထိ တစ္ဆေကြီးနှင့်သူ့ကြားတွင် သွေးစာချုပ်အားခံစားမိနေသေးသည်။

    အပြင်ဘက်သို့စိမ့်ထွက်လာခဲ့သော အေးစိမ့်စိမ့်အရှိန်အဝါသည် စတင်၍ ဝူရုန်အနာူစုဝေးလာပြီး သူ့အားသိပ်သည်းစွာရစ်ပတ်ထားသည်မှာ မမြင်ရသည့် အရပ်ရှည်ရှ်ာလူတစ်ယောက်မှသူ့အားအနောက်ဘက်နေ၍လျော့လျော့ရဲရဲဖက်တွယ်ထားသကဲ့သို့ပင်။ ယင်ချီများမှာနေရာတိုင်းတွင်ရှိနေကာ အေးစက်စက်မြွေများ ဝူရုန်၏ဆံပင် နား ကော်လာ လက်ချောင်များကြားပြေးဝင်လာနေသည်နှင့်တူသည်။ သူနှာခေါင်းမှာအေးစက်နေပြီး သူ့အင်္ကျီပေါ်မှသွေးစက်များအား အေးစိမ့်သောလေကဝါးမြိုသွားသည်။

    ဝူရုန်တည်ငြိမ်စွာဖြင့် အတွင်းစိတ်မှနေ၍ သူဆီတွင်ဘာတွေမှားနေသလဲဆိုသည်ကိုကူညီ၍‌စစ်ဆေး‌ ပေးရန်လှည့်လာချင်နေသောချင်းလင်းကူအား  လျှို့ဟူနှင့်ဆက်လက်တိုက်ခိုက်ရန်ညွှန်ကြားလိုက်သည်။ သူသည်ယခုတွင်အအေးခန်းထဲတွင်ရှိနေသကဲ့သို့ရူထုတ်လိုက်သမျှတွင်မြူများဖုံးလွှမ်းနေသည်။သွေးစက်အချို့အားဝါးမြိုပြီးနောက် အဆိပ်ရှိမြွေတစ်ကောင်လို ထိုယင်ချီများက သူခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းအားဝန်းရုံထားလေသည်။ ယင်လေစီးကြောင်းသည်နေရာတိုင်းသို့ သားရိုင်းတစ်ကောင်၏ဗီဇအတိုင်း နေရာတိုင်းသို့စူးစမ်းနေသကဲ့သို့ ဝူရုန်၏နှာခေါင်း မျက်လုံးများထောင့်ရစ်ဝဲနေကာ လောဘအားတမင်သက်သက်မဖုံး ကွယ်နိုင်ပဲ ပို၍ပင်တောင့်တမက်မောလာနေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now