Ch.45-Boom,BOOM BOOM!

Comincia dall'inizio
                                    

လျှို့ဟူသွေးအန်လိုက်ကာ သူ၏သွေးစွန်းကာပျက်ယွင်းနေသောမျက်နှာမှာပိုရင်ကြောက်စရာကောင်းလာပြီး သူမျက်ဆံနက်ထဲတွင် အမုန်းတရား၊လောဘတို့နှင့်ပြည့်နေသည်။ ဟူရှင်းသည်သွေးအနှစ်နှင့်တိုက်ခိုက်နေပြီး သူသူ့ကိုဂရုမစိုက်တော့ပေ။ လျှို့ဟူမှာ ဒဏ်ရာများစွာရထားသော်လည်း သူသည် မြေခွေးဟူရှင်း၏ထိန်းချုပ်မှုလမ်းကြောင်းမှ ဟန်ဆောင်ဖုံးကွယ်မှုကောင်းချီးဖြင့် လွတ်မြောက်လာသည်။ ဟူရှင်းဘာလုပ်ခဲ့သည်ကိုတွေးမိသောအခါ တုန်လူပ်သွားခဲ့ပြီး အရင်ကသူ့အပေါ်လုပ်ပေးခဲ့သည့်အရာရာကိုတွေးမိပြီးသူ့ကိုယ်သူပြန်ရိုက်လိုက်ချင်သည်။ သူရင်ဘက်ပေါ်မှာ ပြင်းထန်ရက်စက်သည့်တစ္ဆေ‌တစ်ကောင်ကဲ့သို့ ခွေးတက်တူးကိုကြည့်ရင်း ဓားတစ်လက်နှင့်ကလော်ထုတ်ပစ်နိုင်ရန်မျှော်လင်မိသည်။

ဒါပေမယ့်အခုတော့မဟုတ်။ သူသူ့၏ခွန်အားကိုချွေတာ၍အပြင်ထွက်ရန်နည်းလမ်းရှာပြီး ဤလောဘကြီးလာနေသည့် သားရိုင်းကောင်းအတွက် ကျွေးရန်အသားလတ်လတ်ဆက်ဆက်ကိုရှာရန်လိုသည်။ ဒါကသူတွက်ဆနိုင်သည့်တခုတည်းသောအရာဖြစ်‌သည်။ သူ၊ဝူရုန်နှင့်ဟွိုက်ရှင်းသည်သာ ဤနေရာ၌အသက်ရှိနေသောအရာသုံးခုဖြစ်သည်။ အခုလျှို့ဟူသည် ကြမ်းကြုတ်သည့်ခွေး၏ရက်စက်ပြင်းထန်သောဆာလောင်ကိုမှုကိုဖိနိုပ်ကာ တစုံတယောက်ကိုရှာဖွေသတ်ဖြတ်ပြီး အသားလက်လက်ဆက်ဆက်ရရန်လိုသည်။ အချိန်ကိုက်ဆိုသလိုပင် ဝူရုန်ကသူကိုယ်သူသူ့ဆီပေးလာခြင်းသည်ဘုရားကပို့ပေးလာသောအရာဖြစ်သည်။ လျှို့ဟူသည်အချိန်အတော်ကြာသူ့ကံဆိုးနေသည်ဟုခံစားခဲ့ရပြီးအခုတော့သူ့ရှေ့ဆက်ရန်အတွက်အချိန်ျနာက်ဆုံးတွင်ရောက်လာပုံရသည်။

အကယ်၍မင်းအပြစ်တင်ချင်သပဆိုလျှင် ဝူရုန်၏ကံမကောင်းမှုနှင့်အချိန်တိုင်းလျှို့ဟူကိုဆန့်ကျင်နေသောသူ့ကိုသာအပြစ်တင်သင့်သည်။

"ဟေး"

လျှို့သူ၏ကြမ်းတမ်းသောမျက်ခုံးများတွန့်လိုက်ကာဝူရုန်အာ သူ့၏နီဝါရောင်ခွေးသွားစွယ်များကိုလှစ်ဟပြ၍ ပြုံးဖြဲဖြဲလုပ်ပြလိုက်သည် ။ သူ၏မျက်လုံးများမှာခွေးမျက်လုံးနှင့်ဆင်တူပြီး မျက်စံအလယ်တွင် အေးစက်စက်ကြယ်တစ်ပွင်လိုမသိမသာတောက်ပနေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Dove le storie prendono vita. Scoprilo ora