Ch.44.1-Kill !Kill!Kill

Start from the beginning
                                    

    သို့သော်အကြိမ်တော်တော်များများတွင်သူသည် ထိုအထဲသို့နက်ရိူင်းစွာ ကျရောက်နေပြီး ချင်းလင်းကူနှင့် ကျုံးကူတို့နှင့်ပင်ဆက်သွယ်၍မရချေ။ ထိုအချိန်များတွင် သူဘယ်လက်မှသိပ်သည်း၍အေးစက်သော တစ္ဆေချီမှဝူရုန်အသိအားပြန်ဆွဲခေါ်ပေးလေသည်။

    ဤဘ၀တွင်ကြီးမားသောကွဲပြားမှုမှာ ကျုံးကူအပြင် ထိုအင်္ကျီနီတစ္ဆေကြီးဖြစ်လေသည်။ ဝူရုန်သည် တစ္ဆေများကိုသတ်ဖြတ်ပြီးနောက် ယင်ချီတဝက်ခန့်အားသူကစုပ်ယူသွားကာ တခြားတဝက်သည်တော့ဘယ်လက်ဆီဝင်ရောက်သွားသည်ကိုခံစားမိသည်။ တစ္ဆေလက်ဆန့်ထုတ်နိုင်သည့်အချိန်မှာ ၁၅မိနစ်မှ ၄၅မိနစ်အထိဖြစ်သည်။ ဒါကထိုတစ္ဆေ တဖြည်းဖြည်းပိုကောင်းလာသည်ကိုဆိုလိုတာမလား?

    သို‌ပေမယ့်အဆုံးမရှိသည့်သတ်ဖြတ်ခြင်းကသူအတွက်ကောင်းသောအရာမဟုတ်၊ဝူရုန်သည်သူ့စိတ်ထဲမှ သံသယလွန်ကဲ၍ရူး‌သွပ်စိတ်ကို မသိမသာသတိပြုမိသည်။

   ရုပ်ခန္ဓာတစ်ခုရှိနေခြင်းသည်သူ့ သန်မာရန်အတွက်တစ်ခုတည်း‌ သောအတားအဆီးဖြစ်လာနေသည်။ သူသေသွားသရွေ့ သူသည်အဆုံးမရှိသောစွမ်းအားကိုပိုင်ဆိုင်ရမည်ဖြစ်သည်။

   အရင်ဘဝကကဲ့သို့ပင်သေခြင်းတရားသည်သာသူအတွင်စစ်မှန်သောစတင်ခြင်းဖြစ်သည်။

   သူသတ်ဖြတ်လေ ထိုအတွေးကမကြာမခဝင်လာလေဖြစ်ကာ တခါတရံထိုအတွေးကဝူရုန်အားတိုက်ပွဲတွင်းရပ်နေ‌စေသည်။ ကံကောင်းစွာဖြင့်ချင်းလင်းကူရှိနေသောကြောင့် ဘာမှဖြစ်ပျက်မသွားခဲ့။ ဒါကအလုပ်မဖြစ်၊ ဝူရုန် သည် ဤဘ၀မှာ သူမှတ်မိနေသည့်အရာတွေနှင့်လုံးဝကွဲပြားသည်ကို ရှင်းလင်းစွာသိနေသည်။

    အကယ်၍သူသေခဲ့လျှင် အနက်ရောင်ကျောက်ပင့်ကူနှင့် ကျုံးကူမှာသူနှင့်အတူသေသွားပြီးနောက် တစ္ဆေဖြစ်လာပြီး သူကဆက်လက်၍ထိန်းကျောင်းနေရဦးဖြစ်သည်။ ဒါပေမယ့်ဝူရုန်သာသေသွားခဲ့လျှင်တစ္ဆေကြီး၏ 'အိမ်'‌မှာ လုံးဝပြိုလဲသွားမည်ဖြစ်သည်။

    တစ္ဆေမွေးသူတွေကသူတို့တစ္ဆေအစားခံပြီးသေတာပဲကြားဖူးပေမယ့်တစ္ဆေမွေးသူတစ်ယောက်ကသူ့ကိုယ်သူသေကြောင်းကြံတာကိုကြားဖူးဘူး ပျိုးထောင်‌ထားသည့်တစ္ဆေများတွင်ခံစားချက်များရောထွေးနေတက်ကာ ၎င်းသည် မင်းကအိမ်ကိုငှားနေသည့်အိမ်ငှားတစ်ယောက်အဖြစ်နှင့်တူသည်။ တနေ့မှာ မြေပိုင်ရှင်ကမနေလိုတော့သည့်အတွက် အုတ်မြစ်နှင့် အိမ်နံရံများကိုဖျတ်ဆီးသည့်အခါတွင် သွားရောက်ပြီးငြင်းခုန်နိုင်ပါ့မလား။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now