Ch.43-Round and round, Karma comes round

Start from the beginning
                                    

    သူတို့တကိုယ်လုံးမှာလောင်ကျွမ်းခံထားရပြီး ဦးခေါင်းမရှိ လည်ပင်းမှခြေလက်များထိ အရိုးတလွှာသာရှိပြီး အသွေးနှင့်အသားများမရှိပဲ သူတို့ကိုယ်ပေါ်ကပ်တွယ်ပြုကျနေသောကတ္တရာစေးများသာရှိသည်။ အမှောင်ထဲတွင် မီးတောက်ကြီးတစ်ခုလောင်ကျွမ်းနေသည်။ ထိုအရာမှသာမန်မီးတောက်တစ်ခုမဟုတ်။ အနီရောင်မီးတောက်မှာ တစ္ဆေနယ်‌မြေ၏သက်ရောက်မှုကိုမခံစားရပဲ ပြင်းထန်စွာတောက်လောင်နေသည်။ လောင်ကျွမ်းခံရသောအနက်ရောင်မြူများသည်ယိမ်းထိုးကာ မှိန်ဖျော့ပျောက်ကွယ်သွားသော်လည်း ကတ္တရာစေးတစ္ဆေမှာ ထိုအရာ၏သက်ရောက်မှုကိုမခံစားရ။

    ပြင်းထန်နေသောမီး‌တောက် ကိုကြည့်လျက် လျှို့ဟူ ထူဆန်းစွာစိတ်မပါတပါပြုံးလိုက်သည်။ ပြင်းထန်နေသောမီး တောက်ရောက်မလာမီ ထိုအရာကိုရှောင်ရှားရန် သူနေရာကိုပြောင်းလိုက်သည်။

    ဒါသည် ဟူရှင်းသူ့အားပေးလိုက်သည့် သတ်ဖြတ်ခြင်းအရွေ့ဖြစ်သည်။ ချီဖန်းဖန်ူ၏သွေးများအနည်နှစ်များအဖြစ်ပြောင်းသွားလျှင်တောင် သူ သူမကိုကျိန်းသေသတ်မည်ဖြစ်သည်။

    တစ္ဆေတိုင်းသည်မီးကိုကြောက်သည် အထူးသဖြင့် စိတ်ဝိဉာဉ်မီး ကိုဖြစ်သည်။

    အပူချိန်မှမြင့်သထက်မြင့်လာသည်။ ဝူရုန် သူ့တစ္ဆေလက်ကို စိတ်လူပ်ရှားစေသည့် သူ့ပတ်ဝန်းကျင် အပူချိန် ထိုးတက်လာနေသည်ကိုခံစားမိသည်။  အခုအကောင်းဆုံးလုပ်ဆောင်သည့်သည့်အရာမှာဤနေရာမှချက်ချင်းထွက်ရန်ဖြစ်ကာ အစီစဉ်မချမီ လျှို့ဟူ၏ တစ္ဆေနယ်မြေထဲမှပထမဆူံထွက်ရမည်။ သို့သော်ချီဖန်းဖန်းကသူဘေးတွင်ရှိနေသည်။

    "ရုန်းရုန်း ရုန်းရုန် ငါနှင့်အတူလိုက်ခဲ့"

    ချီဖန်းဖန်းခက်ခဲစွာတောင်းဆိုနေသည်။ သူမသည် လျှို့ဟူသူ့ဆီလာနေသည်ကိုသိနေပုံရကာ ထိုအချက်ကပင် ဝူရုန်ကိုပြဿနာဖြစ်စေသည်။ သူမသည်လွန်စွာမှာနိုမ့်ချတက်သည်။ အဝေးသို့တွန်းပို့ခံပြီးနောက် သူမသည် သူ့လက်မောင်း ကို ထပ်မံမဆွဲရဲတော့ပေ။ တစ္ဆေနယ်မြေကိုစုတ်ဖြဲလိုက်သေသာလက်များမှာ သူ၏အင်္ကျီကိုအနည်းငယ်မျှသာဆွဲယူထားသည်။ သူမသည်ထပ်မံအတွန်းထုတ်ခံရမည်ကိုစိုးရိမ်နေသည်။ သူမသည် နီးကပ်လာနေသော ပြင်းထန်နေသည့်မီးတောက်နှင့် ကတ္တရာစေးတစ္ဆေကို ကြည့်မနေ။သူမသည် သူမ၏စွဲလန်းမှု ဥပါဒန်ဖြစ်သောဝူရုန်ကိုသာကြည့်နေခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now