Ch.40-Chrip,chrip

Start from the beginning
                                    

လူမျက်နှာပင့်ကူမှာ အဖော်မဲ့မှုကိုခံစားနေမိသည်။ နောက်ဆုံးတွင်တော့ သူဘယ်ကနေ‌ရှာတွေ့သည်မသိ မသန့်စင်သောရေများရှိနေသည့်ပန်ကန်လုံးတစ်လုံးကိုဝူရုန်စားပွဲရှေ့ယူလာကာ လှုပ်ပြလေသည်။ ရိုသေစွာဖြင့်ဝူရုန်အားအရင်‌ကြည့်စေပြီးနောက် ကျောက်ပင့်ကူလေးအားပြသလေသည်။ တယောက်မှစိတ်မဝင်စားသည်ကိုတွေ့သောအခါ ရေထဲသို့ခုန်ချကာနစ်မြုစ် ကာ ရေပေါ်ပေါ်နေသောအမိူက်ကဲ့သို့ ဖြစ်နေပြီးစတင်ကာ ရေကိုသောက်လေတော့သည်။

လူမျက်နှာပင့်ကူမှာဆာလောင်နေခဲ့ပြီး ကျွေးမွေးရလွယ်ကာ ယင်ချီအနည်းငယ်ပဲပါနေလျှင်တောင်စားနိုင်သော်လည်း ကြောက်ရွံတက်သဖြင့် ဆူပူထကြွမှုအနည်းငယ်မပါပဲ ရေကိုမသောက်ဝံ့။ တစ်ငုံခန့်ဂရုတစိုက်သောက်ပြီးနောက် ဝူရုန်အားကြည့်လာသည် ပြီးနောက်ပင့်ကူလေး ထိုနောက်တွင်နောက်တစ်ငုံထပ်သောက်သည်။ ချီဖန်းဖန်းရောက်လာသည့်တိုင်သောက်လို့မပြီးသေးပေ။ သူမစားပွဲခုံအားသန့်ရှင်းရေးလုပ်သောအခါတွင် ထိုပန်းကန်းလုံးအး ညနေကမရှင်းပဲကျန်သောပန်းကန်လုံးဟုယူဆလျှက် လူမျက်နှာပင့်ကူလေးအပါဝင် ‌‌ ရေများအားအမှိုက်တောင်းထဲသို့သွန်ချလိုက်သည်။

" ထူးဆန်းတယ် ရမ်ရှောင်းထန် ပြောတာတော့ဒီနေ့နေ့လည်စားအားလုံးကအသီးရွက်တွေပဲတဲ့"

ချီဖန်းဖန်းသည်ဦးတည်ရာမဲ့စကားဆိုနေကာ ဝူရုန်နှင့်စကားပြောရန်ကြိုးစားရှာဖွေနေသည်။

" ငါမှတ်မိသလောက် နင်ဝက်နံရိုးနှပ်ကြိုက်တာနော်"

ဝူရုန်ဝက်နံရိုးနှပ်ဟူသောစကားကိုကြာယလျှင်ကြားခြင်း အရိုးဖြူတစ္ဆေဘုရင်အားတွေးမိကာ ကွေ့ဝှိုက်မနေသည်ကိုရပ်တန့်လိုက်၍မေးလိုက်သည် " ဘာလို့ မစ္စတာယဲ့ကို သဘောမကျတာလဲ ?"

ပထမဆုံးစတွေ့စဉ် အိပ်ဆောင်ထဲရှိစဉ်အတောတွင်းဝူရုန်မှာ ဖုချင်းအားသတိထားရန် ထပ်ခါထပ်ခါအပြောခံရသည်။ ဝူရုန်သည် ချီဖန်းဖန်း၏ဖုချင်းအပေါ်သာမန်မဟုတ်သောရန်လိုမှုကို ခံစားမိသည်။

"ရုန်းရုန်း နင်တကယ်ပဲ ဆရာယဲ့နှင့် ချစ်နေကြတာလား ?"

ချီဖန်းဖန်းမျက်လုံးများရဲနေကာ သူမ၏သေးသွယ်သော မျက်ခုံးများကြုတ်နေပြီး ‌ငိုတော့မယောင်ဖြစ်နေ၍ နစ်နာသလိုလေသံလေးဖြင့် " ရုန်းရုန်း ကျေးဇူးပြုပြီး မစ္စတာယဲ့နှင့် မချစ်ပါနဲ့နော် "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now