Ch.39-Sihahahahahaha

Start from the beginning
                                    

   တအောင့်ခန့်ကြာပြီးနောက် ‌လူဆင်းပေါက်အဖုံးမှာ တလူပ်လူပ်ဖြစ်လာကာ အပေါ်အောက်လူပ်ရှားလာလေသည်။ ဝူရုန်ထိုအခြေနေကို အခွင့်ကောင်းယူ၍ ‌ရှေးမြောင်ဓားကိုဝေ့ယမ်းလိုက်သည်။ လူဆင်းပေါက်အဖုံးကိုအတွင်းမှအပင့်ထားရပြီး ရေဆိုးများထဲနစ်မြုပ်နေသော အမျိုးသမီးအလောင်းအား မြွေစိမ်းလေးမှ တွန်းထုတ်လာသည်။

   ထိုအရာသည် ဆုကျင်းကျင်းပင်။

    သူတကိုယ်လုံးရွဲရွဲစိုနေပြီး ရူပ်ထွေးနေသောဆံပင်များက သူ့မျက်နှာကိုဖုံးအုပ်နေကာ အသားရေ‌ဖြူဖျော့နေပြီး မျက်လုံးများကအကျယ်ကြီးပွင့်နေကာ မျက်စံသည်တော့ကျဉ်းမြောင်းကာ ချွန်မြနေသောအမှတ်တစ်ခုကဲ့သို့ဖြစ်နေသည်။ သူမ၏မျက်လုံးများသည် အဖြူထက်အနက်ရောင်ပိုများ‌ နေကာမြေခွေးမျက်လုံးများနှင့်ပင်ဆင်တူသည်။ ဆုကျင်းကျင်း၏ကိုယ်မှထူထဲသောယင်ချီများထွက်ပေါ်နေပြီး နွေလယ်ခေါင် ရေထဲတွင် ပုတ်သိုးဆွေးမြေ့သွားခြင်းမှကာကွယ်ပေးနေသည်။ သို့သော် ဆုကျင်းကျင်း၏ပေါ်နေသောအရေပြား လက်မောင်းနှင့်ခြေလက်များအပါဝင်အခြားသောအစိတ်ပိုင်းများကို နို့နှစ်ရောင် အဖြူရောက်ကျောက်အကာအခွံများဖြင့်ဖုံးလွှမ်းနေသည်။

    ဖုချင်းတုန့်ဆိုင်းမူမရှိ တချို့ကိုခြစ်ထုတ်ပြီး လက်ချောင်းများဖြင့်ပွတ်ကြည့်ပြီးနောက်

    " ကျောက်ပတ်တီးတွေပဲ "

    "လည်ချောင်းကိုဖြတ်ထားတယ်"

    ဆုကျင်းကျင်၏သေစေနိုင်သောဒဏ်ရာမှာလည်ချောင်းတွင်ရှိပြီး တိုက်ရိုက်ပင်ဖြတ်ထုတ်ခံထားရသည်။ သွေးများမှာ ကုန်ခမ်းသွားပြီဖြစ်ကာ ဒဏ်ရာမှာသေသပ်လှသဖြင့် လူသတ်သမားသည် အလွန်ထက်သောဓားကိုသုံးမှရမည်။ သူမသည်လည်း တစ္ဆေပျိုးထောင်သူတစ်ယောက်ဖြစ်သည်။ နတ်ဆိုးစိတ်ဝိဉာဉ်အဆင့်အောက်ရှိသောတစ္ဆေတစ်ကောင်ဖြစ်လာပြီး တစ္ဆေပျိုးထောင်သူ၏ဖွဲ့စည်းပုံမှာ သေပြီးနောက်တွင်သူ တို့မွေးထားသောထိုတစ္ဆေများနှင့်တူညီမည်ဖြစ်သည်။ ဆုထောင်မှာ နားကျည်းမှုစိတ်ဝိဉာဥ်ဆုကျင်းကျင်းလက်ချက်ဖြင့် ဆွဲကြိုးချသေဆုံးရခြင်းဖြစ်သည်။သူမလက်ထဲတွင် ဆွဲကြိုးကျကြိုးရှိနေပြီး သူမမွေးမြူထားခဲ့သောတစ္ဆေမှာ ဆွဲကြိုးချတစ္ဆေဖြစ်ပုံရသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now