ကျောက်တုံးပန်းပုခေါင်း၏ဖော်ပြချက်မှာ သွက်လက် ကာအတိုချုပ်ပြီးရှင်းလင်းလှသော်လည်း ဝူရုန်သူဘာဆိုလိုချင်သည်ကို သေသေချာချာသတိထားမိလိုက်သည် " အကဲဖြတ်မူ မှားသွားရင်ဘာဖြစ်နိုင်မလဲ ?"

"ကျွန်တော့်ရဲကြီးမြတ်လှပြီး လေးစားရတဲ့ဆရာသခင် ကျေးဇူးပြုပြီး စိတ်အေးသက်သာနေပါ သခင်ကအရမ်းမြင့်မြတ်ပြီး Pseudologoi ရဲ့‌အလေးမြတ်ပြုမှုနှင့် သခင်ကို ခစားပါတယ်။ မှားယွင်းတဲ့အကဲဖြတ်မူလုပ်ခဲ့ရင်တောင် ဒါကဒီနိမ့်ကျတဲ့ကျွန်တော်ကိုယ်တိုင်ရဲ့စစ်ဆေးမူဖြစ်တာကြောင့် သခင်ရဲ့စိုးရိမ်မှုကိုမျှဝေနိုင်စေမို့ ကျွန်တော်အကောင်းဆုံးကူညီမှာပါ ..."

ထိုသို့ပြောပြီးနောက် အင်္ဂတေခေါင်း၏အသံမှာသေးငယ်သွားကာ အငြင်းခံရမည်ကိုစိုးရိမ်သဖြင့် စိတ်လူပ်ရှားစွာဖြင့်ပြောလေသည်

"ကြီးမြတ်တဲ့သခင် ကျွန်တော်သခင်ကို ဒီလိုအလေးမြတ်မူနှင့်ခစားရဖို့အတွက် အလွန်အလွန်ကို မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီကစည်းမျည်းတွေကို မခုခံနိုင်တဲ့အတွက် တောင်းပန်ပါတယ်။ သခင်သာ ကျွန်တော်ကိုအဝေးကိုခေါ်ထုတ်သွားချင်လျှင် ကျွန်တော်စကားမှန်မမှန်ကို ပထမဆုံး အကဲဖြတ်ဖို့လိုလိမ့်မယ် "

Crack.

ဝူရုန် အဝတ်ဖြူကိုကောက်ယူ၍ ‌အရုပ်ခေါင်းကို ဖုံးလိုက်ပြီး ပန်းအိုးနှင့်စောင်းကောက်ကို ‌အဝေးသို့ယူသွားပြီးနောက် အရုပ်ခေါင်းပေါ်ဖုံးလွှမ်းနေသော ယင်စွမ်းအင်များထပ်မံပျောက်ကွယ်သွားလေသည်။

"Pseudologoi ကအလိမ်ညာနတ်ဘုရား၊လူလိမ်လူကောက် သူပြောတဲ့စကားတွေထဲအမှန်ရဖို့ခက်ခဲတယ် "

ဝူရုန်တခွန်းမှ‌မပြောသို့သော် ထိုလူဆီမှ သူယင်းစွမ်းအင်ကိုသာခံစားရပြီး တခြားတစ္ဆေစွမ်းအင်ကိုမရ ။ တနည်းအားဖြင့်ဆိုသော် သု့အတွက် ထိုလူခေါင်းရုပ်ထုမှာ ဘာဟင်းခပ်အမွှေးကြိုင်မှမပါသော ဂေါ်ဖီထုတ်ပြုတ်နှင့်တူတာ ခံတွင်းမတွေ့လှပေ။

" ဟောကိန်းထုတ်နိုင်တဲ့ တစ္ဆေတွေကရှားပါးတယ် ပြီးတော့ သူတို့ကို‌လည်းတန်ကြေးကြီးကြီးမားမားပေးရသေးတယ် "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now