အခန်း(234)

165 25 3
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၃၄) : လျို့ဝှက် ပူးပေါင်းကြံစည်သူ

"ကျောင်းအုပ် အဲလိုလုပ်လို့ မဖြစ်ဘူး" ဆရာတစ်ယောက်က ပြောလိုက်သည်။ ဤတစ်ကြိမ် လူများစွာက သူနှင့် သဘောထားတူကြသည်။

" မိစ္ဆာနတ်ဘုရားအရိုးက လင်းဖန်အတွက် ခန္ဓာကိုယ် လေ့ကျင့်ဖို့ သိမ်းထားတာလေ။ အဲဒါမရှိရင် သူ့ဟွင်သွမ်းရုပ်ခန္ဓာနဲ့ဆိုရင်တောင် သူ့ခန္ဓာကိုယ်က ဝမ်ဝေ့တို့နဲ့ ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး" နောက်တစ်ယောက်လည်း ဝင်ပြောလိုက်သည်။

"မင်းတို့ ပြောတာ နားလည်တယ်" ပိုင်ဟန်က တည်ငြိမ်စွာ ပြောလိုက်သည် "ဒါပေမဲ့ ငါတို့အားလုံး ဝမ်ဝေ့ကို တာအိုကျောက်ပြား လျို့ဝှက်နယ်မြေထဲ ဝင်ခွင့်မရအောင် မတားဆီးနိုင်ရင် သူ့ပါရမီနဲ့ သူ့ကံကြမ္မာရုပ်သေးဆရာ ရုပ်ခန္ဓာအတွက် ပြီးပြည့်စုံပြီး အားကောင်းတဲ့ ကျင့်စဉ်တစ်ခု ဖန်တီးနိုင်မှာ ကျိန်းသေပေါက်ပဲ။

အဲဒီအခါ သူက ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ။ လင်းဖန်က မိစ္ဆာနတ်ဘုရားအရိုး ရှိရင်တောင် သူနဲ့ ကွာဟချက်ပမာဏ နည်းနည်းပဲ ချုံ့နိုင်လိမ့်မယ်။ အဲဒါကြောင့် ငါတို့အတွက် အကောင်းဆုံးဖြေရှင်းနည်းက သူ့ကို တခြားကောင်းကင်ရွေးချယ်ခံတွေထက် ကျောသွားတာကို တားဆီးဖို့ပဲ"

အခန်းက လုံးဝ ဆိတ်ငြိမ်သွားလေသည်။ သူ့စကားများက အကျိုးအကြောင်းသင့်သော်လည်း လူများစွာက ပိုအားကောင်းသည့် ပြိုင်ဘက်၏ အရေးသာမှုကို တားဆီးနိုင်ရန်အတွက် အဖိုးတန်အရင်းအမြစ်ကို သူတို့ပြိုင်ဘက်ထဲက တစ်ယောက်ဆီ ပေးပစ်လိုက်မည့် အချက်ကို လက်မခံနိုင်ကြပေ။

"ဒါက ရူးတာပဲ" ဆရာတစ်ယောက်က အော်ပြောလိုက်သည်။ ထို့နောက် သူက ထရပ်ကာ အခန်းထဲမှ ထွက်သွားလေ၏။ လူတချို့ကလည်း ထိုသဘောထားရှိကြပြီး ထွက်သွားကြလေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now