အခန်း(၃၃၄)

70 8 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)...

အခန်း (၃၃၄) : ဟွမ်ယွမ်

ဝမ်ဝေ့က လှည့်ကြည့်လိုက်သည့်အခါ လန်လင်းနှင့် ဝမ်လော့တို့က သူ့နောက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူတို့ကလည်း တာအိုအခွင့်အလမ်းဂိုဏ်းဘက်သို့ ကြည့်နေလေ၏။

" အစ်ကိုကြီးက နောက်နေတာပဲ။ ကျွန်တော်က ဝမ်ဝေ့လိုမျိုး အားကောင်းတဲ့ ကောင်းကင်ရွေးချယ်ခံကို ဘယ်လိုလုပ် သိမှာလဲ"

ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ကိုယ်သူ ချီးကျူးလိုက်ပြီးသည့်နောက်တွင်ပင် ရှက်မိသည့် အရိပ်အယောင် စိုးစဉ်းမျှပင် မရှိပေ။

" အမှန်ပဲ။ ဒီလိုမျိုး မဟာဧကရာဇ် ဖြစ်လာနိုင်ချေရှိတဲ့ လူမျိုးက ငါတို့နဲ့ မတူညီတဲ့ ကမ္ဘာမျိုးမှာ နေထိုင်ကြတာ" ဝမ်လော့က ပြောလိုက်စဉ် သူ့လေသံထဲတွင် အနည်းငယ် စိတ်အားငယ်မှုတို့ ပါဝင်နေလေသည်။

" အစ်ကိုကြီး ကိုယ့်ဘာသာကို စိတ်ဓာတ်ကျဖို့ မလိုပါဘူး။ အစ်ကိုကြီးလည်း ကိုယ့်အားသာချက်နဲ့ကိုယ် ရှိတာပဲလေ။ အဲဒါကို ဂုဏ်ယူသင့်တာပေါ့" လန်လင်းက နူးနူးညံ့ညံ့ဖြင့် ဝင်ပြောလိုက်သည်။

" ညီမလေး ပြောတာမှန်တယ်။ တကယ်လို့ ဝမ်ဝေ့က အားကောင်းတယ်ဆိုရင်တောင် ဆေးဝါးပညာနဲ့ ပတ်သက်လာတဲ့အခါမှာ ငါ ဝမ်လော့က ဘယ်သူ့ကိုမှ မကြောက်ဘူး"

" အမွေခံသားတော် ဝမ်ဝေ့က အလွန်အားကောင်းပြီးတော့ ထူးခြားတဲ့ ဝိညာဉ်ရှိတယ်ဆိုတာကို လူတိုင်းသိထားကြတယ်လေ။ တကယ်လို့ သူသာ ဆေးဝါးပညာကို သင်ယူဖို့ ဆုံးဖြတ်လိုက်ရင် သူ့အောင်မြင်မှုက စိတ်ကူးကြည့်နိုင်မှာ မဟုတ်ဘူး" ဝမ်ဝေ့က ရုတ်တရက် ဝင်ပြောလိုက်သည်။

ဝမ်လော့က ထိုအရာကို ကြားပြီး ရှုံ့မဲ့သွားလေသည်။

သူက သူ့ယုံကြည်ချက်တို့ ပြန်ရှိလာသော်လည်း ယခုတွင်မူ....

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now