အခန်း(၂၇၇)

128 18 12
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၀)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၂၇၇) : မမျှော်လင့်ထားသည့် ဧည့်သည်

ပိုင်ဟန်က အလေးအနက် တိုက်ဖို့ ဆုံးဖြတ်လိုက်သည်နှင့် တိုက်ပွဲရေစီးကြောင်းက သူ့ဘက်ကို အားသာသွားသည်။ သူက ဝမ်ဝေ့ရှေ့မှောက်တွင် ချက်ချင်း ပေါ်ထွက်လာသည်။ ဤတစ်ကြိမ် ရွှေရောင်စုတ်တံက သာမန်အရွယ်အစားသို့ ကျုံ့သွားလေသည်။ သူက စုတ်တံကို ဝှေ့ယမ်းလိုက်သည့်အခါ မင်နက်ရည်များက ဓားချက်အဖြစ် ပြောင်းလဲသွားသည်။

ဝမ်ဝေ့က အချိန်မီတုံ့ပြန်နိုင်စွမ်း မရှိဘဲ မြေပေါ်သို့ လွင့်စင်သွားကာ ကီလိုမီတာထောင်ချီသည့် တုန်ခါလှိုင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

သို့သော်လည်း သူက ခန္ဓာကိုယ်တွင် ခြစ်ရာတစ်ချက် မရှိဘဲ အလျင်အမြန်ထလိုက်သည်။ သူက ဦးဆုံးတိုက်ခိုက်လိုသော်လည်း မဖြစ်နိုင်လိုက်ပေ။ ဝမ်ဝေ့ ထလိုက်သည်နှင့် သူ့ခြေထောက်က ယိမ်းယိုင်သွားကာ ခေါင်းကို ကိုင်ထားရင်း နာနာကျင်ကျင် ညည်းညူလိုက်ရသည်။

သူက သူ့အပေါ်ကျရောက်လာသည့် ရွှေရောင်စာလုံးများစွာနှင့် သင်္ကေတများစွာကို ကြည့်လိုက်သည်။ သူတို့၏ အသက်များတွင် သူ့စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒအား တိုက်ရိုက် တိုက်ခိုက်နိုင်သည့် ထူးဆန်းစွမ်းအားတစ်ခု ပါရှိနေဟန်ပေါ်သည်။

ဝမ်ဝေ့က သူ့စိတ်တွင် ထိုကျမ်းများဖြင့် ပြည့်နှက်လာကြောင်း ခံစားမိလိုက်ပြီး သူ့အတွေးများနှင့် မှတ်ဉာဏ်အားလုံးက ထိုကျမ်းများဖြင့် တဖြည်းဖြည်းချင်း အစားထိုးနေရာယူလာလေသည်။

သူသာ တစ်ခုခု မလုပ်ပါက ထိုကျမ်းများကိုသာ ရွတ်ဖတ်ဖို့ သိသည့် စိတ်မမှန်သည့် အရူးအဖြစ် ပြောင်းလဲသွားလိမ့်မည်မှန်း သိလေသည်။

ဒီပိုင်ဟန်က ထူးဆန်းတယ်။ သူက သူတော်စင်အဆင့်ပဲ ရှိသေးပေမဲ့ သူ့ဝိညာဉ်စွမ်းအားက မယုံနိုင်လောက်အောင် အားကြီးပြီးတော့ ငါတွေ့ဖူးသမျှ အစစ်အမှန် အုပ်ချုပ်သူတွေထက်တောင်မှပဲ ကျော်လွန်နေတယ်။ မဟုတ်သေးဘူး။ ငါ့အဖိုးထက်တောင်မှ ပိုအားကောင်းနေသေးတယ်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Tempat cerita menjadi hidup. Temukan sekarang