အခန်း(၃၆၁)

71 10 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၆၁) : လှပသောလက်စားချေမှု

ဝမ်ဝေ့၏ တကယ့် ခန္ဓာကိုယ်အစစ်က ကိုယ်ပွားဆီမှ ဆက်သွယ်ရေးအဆောင် ရရှိသည်အထိ စောင့်ဆိုင်းနေလေသည်။ ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် လျှို့ဝှက်နယ်မြေရှိ အဖြစ်အပျက်များကို နားလည်သွား၏။

" ဒီလျှို့ဝှက်နယ်မြေရဲ့ အမှန်တရားက ထွက်ပေါ်လာဖို့ အချိန်သိပ်မကြာတော့ဘူး။" ဝမ်ဝေ့က စဉ်းစားလိုက်သည်။ သူ့ အဓိကရည်ရွယ်ချက်မှာ လန်လင်းနှင့် လျူမိန်ရှု ဖြစ်သောကြောင့် ကျန်သည့်အရာများကို ဂရုမစိုက်သော်လည်း သူ့အတွက် အကျိုးရှိသည့် အရာတစ်ခုခု ဖြစ်ဖို့ရာ မျှော်လင့်နေသေးသည်။

ကိုယ်ပွားပြောစကားအရတော့ လျူမိန်ရှု ဒါမှမဟုတ် နတ်ဆိုးမျိုးနွယ်တို့ ဗဟိုချက်ကို ရောက်ဖို့အတွက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ပဲ လိုတော့တယ်။ အဲဒါဆို ဖူချိုက်ယွင်ရဲ့ လူတွေနဲ့ ရင်ဆိုင်ဖို့ အချိန်လုံလောက်တယ်။

ဖူချိုက်ယွင်က မူလဆေးလုံးတာအိုဂိုဏ်းတွင် အာဏာများစွာ ဆုပ်ကိုင်ထားသူဖြစ်ပြီး ပါရမီရှိသူအား ဖိနှိပ်လွှမ်းမိုးတတ်သည့် သဘာဝရှိသည့်အတွက် ဝမ်ဝေ့က ထိုလူသည် မူလဆေးလုံးမီးတောက်ကျမ်းကို ရယူမည့် သူ့အကြံအစည်အား နှောင့်ယှက်မည့် အတားအဆီး ဖြစ်နေကြောင်း သိလေသည်။

ထို့ကြောင့် သူက ဤလျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိလာသည့် သူနှင့်ပတ်သက်သည့်လူများကို သတ်ဖို့ရာ ဆုံးဖြတ်ထားသည်မှာ ကြာမြင့်လှလေပြီ။ ထိုသူများကို သတ်လိုက်ခြင်းက ဖူချိုက်ယွင်အပေါ်. ဘာမှသက်ရောက်မှုမရှိသော်လည်း ဘာမှမဖြစ်သည်ထက်တော့ ကောင်းလေသည်။

ထိုအပြုအမူက သူ့ဆရာအား အသက်ရှူအနည်းငယ် ချောင်သွားစေလိမ့်မည်။

ဝမ်ဝေ့က ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် တစ်ယောက်ယောက် အသွင်ပြောင်းကာ စတင်အမဲလိုက်လိုက်သည်။ သူက ကိုယ်ပိုင်စွမ်းအားကို အသုံးမပြုဖို့ ဆုံးဖြတ်ထားလေ၏။ လော့ချန်က သူ့မျက်လုံးထဲ ကြက်တစ်ကောင်လောက် အားနည်းနေသော်လည်း အခြေအနေကို ရင်ဆိုင်ဖို့ ဖြေရှင်းနည်းများစွာ ရှိနေသေး၏။ အဓိကက အဆိပ်အသုံးပြုမှု ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ရာအတွင်း သူ့ ဆေးဝါးပညာရပ်က သိသိသာသာ တိုးတက်လာပြီး အဆိပ်များစွာကို ဖန်တီးပြီး သင်ယူခဲ့သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now