အခန်း(၃၃၉)

80 7 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၃၉) : သေမျိုး ဆင်းရဲဒုက္ခများ

အဖွဲ့က အိမ်လေးကို သေချာလေ့လာပြီးနောက် အထဲ ဝင်လိုက်ကြသည်။ သူတို့ကို အံ့ဩသွားစေသည်က ကျင့်ကြံရေး ဖျာတစ်ချပ်နှင့် စားပွဲငယ်လေးမှအပ တခြားဘာမှမရှိပေ။

သို့သော်လည်း သူတို့က အခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် ဧကရာဇ်တာအိုစည်းချက်ကို ခံစားမိလိုက်ကြသည်။ ထိုအရာက ဤနေရာတွင် မဟာဧကရာဇ်တစ်ပါး နေထိုင်ခဲ့ဖူးကြောင်း ပြသနေလေသည်။

" သေခြင်းတရား နတ်ဘုရားက ချပ်ဝတ်စည်းမျဉ်း လျှို့ဝှက်နည်းစနစ်ကို ဘာလို့ အသုံးပြုနိုင်တာလဲဆိုတာ နားလည်သွားပြီ။ သူက ဒီအခန်းကနေ ဉာဏ်အလင်းပွင့်ထားတာပဲ ဖြစ်ရမယ်" လီကျွင်းက ပြောလိုက်သည်။

" သူ့ရဲ့ အားအကောင်းဆုံး နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်က အကြောင်းအရင်းတော့ ရှိနေတာပဲ"

အဖွဲ့က မိနစ်အနည်းငယ်ကြာ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဘာမှမတွေ့ရပေ။ ထိုအခန်းကို ရှာဖွေတွေ့ရှိသည့် တစ်ခုတည်းသော အကျိုးအမြတ်မှာ ကျင့်ကြံဖို့အတွက် နေရာကောင်း ဖြစ်နေခြင်း ဖြစ်၏။ သို့သော်လည်း သူတို့က ထိုဉာဏ်အလင်းပွင့်နေရာအား လေဟာနယ် ဖြိုခွင်းခြင်းအဆင့်အတွင်း အသုံးပြုသည်က စည်းမျဉ်းများကို နားလည်ဖို့အတွက်က ပို၍ကောင်းမွန်ကြောင်း သိကြလေသည်။

သူတို့၏ ကျင့်ကြံဆင့်က သေချာသည့်အဆင့်တစ်ခုသို့ ရောက်သွားသည့်အခါ ဂိုဏ်းကလည်း သူတို့၏ ကိုယ်ပိုင်ဉာဏ်အလင်းပွင့်နေရာများကို ပေးအပ်လာလိမ့်မည်။ မဟာဧကရာဇ်ကိုးပါး ရှိသော တာအိုအခွင့်အလမ်းဂိုဏ်းအနေဖြင့် သူတို့က တခြားသူများထက် ရွေးချယ်စရာ ပိုမို များပြားလေသည်။

" သေခြင်းတရား နတ်ဘုရားရဲ့ မှတ်ဉာဏ်ထဲကနေ ဘာတွေသိခဲ့ရလဲ" ယန်းလီလင်းက ပြောလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now