အခန်း(၃၂၅)

98 11 1
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၂၅) : သေဆုံးမှု

ဝမ်ဝေ့က သူ့အိမ်သူ ပြန်လာပြီးသည့်နောက်တွင် မီးထိန်းချုပ်ရေး ပညာရပ်နှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်များကို မည်သို့ရယူရမည်ကို စဉ်းစားလိုက်သည်။ ယခုတွင် သူက ထိုနည်းစနစ်၏ အရင်းအမြစ်၊ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး သဘောတရားတစ်ခု ကောက်ချက်ချထားလေသည်။ ကံဆိုးစွာဖြင့် သူ့တွင် လုံလောက်သည့် သက်သေအထောက်အထား မရှိသေးပေ။

သူ့အလိုလိုသိစိတ်က ထိုကျင့်ကြံရေး နည်းစနစ်သည် ဤဂိုဏ်းသို့ ကျူးကျော်လာရသည့် သူ့ရည်ရွယ်ချက်နှင့် ပတ်သက်နေကြောင်း ပြောပြနေလေ၏။ ထို့ကြောင့် သူက ကြိုတင်အစီအစဉ်တစ်ခု ပြုလုပ်ပြီးသည့်အခါ တခြားတစ်ခုကို လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်သည်။

ယနေ့စစ်ဆေးမှုအတွင်း ပါဝင်စစ်ဆေးခံသူ တစ်ယောက်က သူ့အာရုံကို ဖမ်းစားသွားလေသည်။ အတိအကျဆိုရလျှင် သူ ဖော်စပ်သည့်ဆေးလုံးက သူ့အာရုံကို ဖမ်းစားသွားခြင်း ဖြစ်၏။ ထိုလူက အံ့ဖွယ်အင်္ဂါရပ် အစာထိုးဆေးလုံးဟု ခေါ်သည့် ဆေးလုံးကို ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။

အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်၏ လူသားအဆင့်တွင် အတွင်းအင်္ဂါ လေ့ကျင့်ရေးက အခက်ခဲဆုံး ဖြစ်စဉ်တစ်ခု ဖြစ်၏။ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့်မတူဘဲ ဒဏ်ရာရသွားသည်နှင့် ပြန်လည်ကုသဖို့ ခက်ခဲသလို ထာဝရဒဏ် ဖြစ်သွားနိုင်သည်။

အကယ်၍ သင့်တော်သည့် ပမာဏအထိ မလေ့ကျင့်ပေးထားနိုင်လျှင် ကျင့်ကြံသူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ သူတို့၏ ခန္ဓာကိုယ်များက စည်းမျဉ်း၏ သန့်စင်ခြင်းကို ခံရသည့်အခါ သူတို့၏ အတွင်းအင်္ဂါများက ချက်ချင်းဆိုသလို ပျက်စီးသွားကာ သေခြင်းတရားကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် အံ့ဖွယ်အင်္ဂါရပ် အစားထိုးဆေးလုံးက အသုံးဝင်လာခြင်း ဖြစ်၏။ ထိုအရာကို သုံးစွဲထားသည်နှင့် ကျင့်ကြံသူတစ်ဦးက စည်းမျဉ်းစွမ်းအားကို ခံနိုင်ရည်ရှိသည့် အံ့ဖွယ်အင်္ဂါရပ် အတု တစ်ခုကို ချက်ချင်းပြန်လည် ပေါက်လာနိုင်စေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Wo Geschichten leben. Entdecke jetzt