အခန်း(၃၃၁)

80 10 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၃၁) : ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း

အားလုံးက ဝမ်ကျူအား ခေါင်းလှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထားများက ဘာပြဿနာလဲဟု မေးနေဟန်ပေါ်၏။ လွန်ခဲ့သည့်ရက်ပိုင်းအထိ အရာအားလုံးက အဆင်ပြေနေခဲ့သေးသည် မဟုတ်ပါလော။

ဝမ်ကျူက တည်ငြိမ်သည့် မျက်နှာထားဖြင့် ပြောလိုက်သည် " ကျွန်မတို့ စုစည်းထားတဲ့ ယုံကြည်မှုအားလုံး ပျောက်သွားပြီ"

" အဲဒါဘာကို ပြောချင်တာလဲ"

" ကျွန်မ ပြမယ်" သူမက အဖွဲ့အား ဦးဆောင်ခေါ်သွားလိုက်သည်။ သိပ်မကြာခင် အဖွဲ့က မြို့တော်ရှိ အကြီးမားဆုံး ကျောင်းဆောင်ဆီ ရောက်ရှိသွားလေ၏။

အဓိကအခန်းအတွင်း နတ်ဘုရားများမြောက်များစွာက ဝမ်ဝေ့၏ ရုပ်ထုရှေ့တွင် ဒူးထောက်ကာ ဆုတောင်းနေကြသည်။ ချီစောင့်ကြည့်ရေးနည်းစနစ်ဖြင့် အဖွဲ့က ထိုနတ်ဘုရားများ၏ ခေါင်းအထက်မှ မှိန်ဖျဖျရွှေရောင်စွမ်းအားကို ခံစားမိလိုက်ကြသည်။ သူတို့၏ စွမ်းအားက အစစ်အမှန် ယုံကြည်ကိုးကွယ်သူများ မဟုတ်တာကြောင့် မသန့်စင်သော်လည်း သူတို့၏ အားကောင်းသည့်ဝိညာဉ်များကြောင့် သူတို့ပေးနိုင်သော ယုံကြည်မှုစွမ်းအားက များပြားနေဆဲဖြစ်၏။

လီကျွင်း၏ အဖွဲ့က ထိုနတ်ဘုရားများ၏ စွမ်းအားမှ ရွှေရောင်ယုံကြည်မှုများ ထွက်လာပြီးသည့်နောက် ယုံကြည်မှုစွမ်းအား ထိန်းနိုင်ရန် ပြုလုပ်ထားသော အသုံးအဆောင်ဖြစ်သည့် ရုပ်ထုအတွင်းသို့ ဝင်ရောက်သွားလေသည်။ ကံဆိုးစွာဖြင့် ထိုအတွင်း ဝင်ရောက်ပြီး သိပ်မကြာခင် ယုံကြည်မှုစွမ်းအားက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

အဖွဲ့က ထိုအဖြစ်အပျက်ကို ဖြည်းဖြည်းချင်း ကြည့်ကာ လီကျွင်းက မေးလိုက်သည် " ဒါက ဘာဖြစ်သွားတာလဲ။ ရုပ်ထုကို သန့်စင်တုန်းက တစ်ခုခုများ မှားယွင်းသွားလို့လား"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2जहाँ कहानियाँ रहती हैं। अभी खोजें