အခန်း(256)

138 18 0
                                    

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၉)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၂၅၆) နောက်ဆက်တွဲ

လင်းဖန်က သူ့ဇနီးချောလေးကို ပျော်ရွှင်စွာ ထွေးပွေ့ထားစဉ် အခန်းရှိ ကျန်လူများက သဝန်တိုအားကျနေကြသည်။ ထိုစဉ် ရှီရှစ်က သူမဘာသာ တွေးလိုက်မိသည်။

အခု ဒါကို သူ့အတွေးလို့ ထင်နေပေမဲ့ တစ်ခုခုသာ မှားယွင်းသွားခဲ့ရင် ငါ့ကို အပြစ်လာတင်မှာတော့ မဟုတ်ဘူးမလား...

ဝမ်ဝေ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အမူအရာနဲ့ ယှဉ်လိုက်ရင် ဒီလင်းဖန်က တော်တော်လေးကို လိုအပ်သေးတယ်။ သူ့ ဟွင်သွမ်းရုပ်ခန္ဓာနဲ့ဆိုရင် သူ့ အလားအလာက တကယ်ကို အံ့ဖွယ်ပဲ။ သူ့မှာ ဆက်လက်ကြီးထွားနိုင်မဲ့ အခွင့်အရေးတွေ ရှိနေသေးတယ်။

ရှီရှစ်က ဝမ်ဝေ့နှင့် ပထမဆုံး တွေ့ဆုံမှုအကြောင်း အံကြိတ်ကာ စဉ်းစားလိုက်သည်။

ငါ့ကို အဖိုးမတန်တဲ့ အလှပန်းအိုးဆိုပြီး ထင်နေတာမလား။ ရှင့်ကို ကောင်းကောင်း ပြရသေးတာပေါ့။ တစ်ရက်ကျရင် ရှင် ဒီစကားတွေပြောခဲ့လို့ နောင်တရစေရမယ်။

...............

မြောက်ပိုင်း လိပ်နက်ကုန်းမြေ၊ နတ်ဆိုးအဖွဲ့အစည်း၏ လျှို့ဝှက်အစည်းအဝေး

" ဒီအစည်းအဝေးက လတ်တလော စာသင်ကျောင်း ဖန်တီးမှုအကြောင်းလား" နတ်ဆိုးမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။

" ဟုတ်တယ်" ရွှေရောင်ခြင်္သေ့ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။ ပင်မခေါင်းဆောင်လေးဦးအနက် တစ်ဦးအနေနှင့် သူမက အစည်းအဝေးတွင် ကိစ္စများစွာ တာဝန်ယူထားလေသည်။

" အဲဒါဆို ငါတို့လည်း နတ်ဆိုးစာသင်ကျောင်း တည်ထောင်ပြီးတော့ ကုသိုလ်နဲ့ ချီကံကောင်းမှုတွေကို ရယူကြမှာလား။ ငါတို့ရရှိမဲ့ ပမာဏက လူသားတွေနဲ့ ယှဉ်ရင် သနားစဖွယ် နည်းပါးပေမဲ့ ဘာမှမရှိတာထက်တော့ ပိုကောင်းပါသေးတယ်"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now