အခန်း(၃၉၅)

83 7 0
                                    


အခန်း (၃၉၅) : စိုးရိမ်မှု

ကောင်းကင်ဘုံဗိမာန်၏ အပြင်ဘက်တွင် အထွတ်အထိပ်အဆင့် အစစ်အမှန်အုပ်ချုပ်သူ အယောက်ငါးဆယ်ကျော်က ထိုကမ္ဘာ၏ သလင်းကျောက်အလွှာအား ဆက်တိုက် တိုက်ခိုက်ခဲ့ကြသည်။ သူတို့၏ အားအကောင်းဆုံးသော တိုက်ကွက်များကို ထုတ်သုံးဖို့ တုံ့ဆိုင်းနေခြင်း မရှိကြပေ။

သူတို့ကြားတွင် ရှစ်ယောက်က လျှို့ဝှက်ဆန်းကြယ် တာအိုစည်းချက်များ ထုတ်ဖော်နေသည့် စွမ်းအားပြင်း လက်နက်များကို ကိုင်ဆောင်ထားကြသေးသည်။ ထိုအရာက ဧကရာဇ်အသုံးအဆောင် ပစ္စည်းများ ဖြစ်၏။ ကံဆိုးစွာဖြင့် ထိုလက်နက်များဖြင့်ပင် သလင်းကျောက်အလွှာက အကောင်းအတိုင်း ကျန်ရှိနေသေးသည်။

ထိုစဉ် ယုယန်က သူမလက်ထဲမှ မီးအိမ်ကို သေချာစောင့်ကြည့်နေလေသည်။ တစ်ခါက တောက်ပလာခဲ့သည့် မီးအိမ်၏ မီးတောက်က အလျင်အမြန် မှေးမှိန်သွားသည်။ အကြိမ်များစွာဆိုသလို ငြိမ်းသက်သွားလိုက် ပြန်တောက်လာလိုက် ဖြစ်နေသောကြောင့် သူမအား ထိတ်လန့်စေသည်။

" ဝမ်ထျန်း ... ဒါက အလုပ်မဖြစ်ဘူး။ ရှင့်ရဲ့ နောက်ထပ် ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို ယူမှပဲ ရတော့မယ်"

" မဟုတ်သေးဘူး။ ဒီလိုအခြေအနေမျိုးမှာ အသုံးအဆောင်ပစ္စည်း တစ်ခုက ဂိုဏ်းကို ကာကွယ်နိုင်အောင် ကျန်ရှိဖို့ လိုတယ်" ဝမ်ဝေ့၏ အဖေက ပြောလိုက်သည်။

" ဒီလိုဆိုရင် ကျွန်မတို့ ယုမိသားစုက တစ်ခုကို အသုံးပြုလိုက်ရင်ရော ဘယ်လိုလဲ"

ဝမ်ထျန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ သူယောက္ခမက ဝမ်ဝေ့အပေါ် ချစ်မြတ်နိုးသည်ကို သိထားသောကြောင့် သူမ မိသားစု၏ တစ်ခုတည်းသော အသုံးအဆောင်ပစ္စည်းကို ပေးဖို့ရာ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော် ယုမျိုးနွယ်တွင် အသုံးအဆောင်ပစ္စည်း တစ်ခုတည်းသာ ရှိထားသည့်အတွက် ကိစ္စများက ရှုပ်ထွေးသွားနိုင်သည်။

" အဲလိုလည်း မဖြစ်ဘူး။ ဒီလိုလည်း မဖြစ်ဘူး။ ကျွန်မတို့သားက သေတော့မယ်။ ရှင်က ဘယ်လိုလုပ် တည်ငြိမ်နေရတာလဲ" သူမက အော်ပြောလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Kde žijí příběhy. Začni objevovat