အခန်း(236)

155 21 12
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)...

အခန်း(၂၃၆) : မိသားစု အင်အား

ဝမ်ဝေ့က သူ့အမေကို ကြည့်ကာ ဘာများအမှားလုပ်မိသွားလဲဟု စဉ်းစားရင်း နှလုံးခုန်မြန်လာလေသည်။ သူက သူ့အဖေလိုမျိုး သူ့အမေ၏ အပြစ်ဒဏ်ကို မခံစားလိုပေ။

ထိုစဉ် ယုယန်က အဆောင်တစ်ရွက်ကို ထုတ်ကာ ကစားပြလာသည်။ ထိုအရာကို အသက်သွင်းလိုက်သည့်နောက် လူနှစ်ယောက် စကားပြောဆိုသံများကို ကြားလိုက်ရ၏။ သို့သော်လည်း ထိုလူများဆီမှ ဆိုးဆိုးရွားရွား အယုတ္တနတ္တစကားများသာ ထွက်လာသည်။

တချို့အကြောင်းအရာများက အမြင့်မြတ်ဆုံး သူတော်စင်ကိုပင် မိစ္ဆာကိုးကွယ်သူ သို့မဟုတ် အပြစ်သားအဖြစ် ပြောင်းပစ်နိုင်လောက်အောင်အထိ ဆိုးရွားလွန်းသည်။

ဤကတ်က ကျောင်းတော်၏ ဂုဏ်သတင်းကို ပျက်စီးစေရန် ဝမ်ဝေ့ ဖန်တီးထားသည့် ကတ်များထဲမှ တစ်ခု ဖြစ်၏။ ထိုကတ်များ ရရှိသည့် လူများစွာက ထိုကတ်များမှ စကားဝိုင်းများသည် ကျောင်းတော်မှ ဆရာများ၏ တကယ့်မှတ်တမ်းဟု ယုံကြည်ထားကြသည်။

အသံများ ပြီးဆုံးသွားသည့်နောက် ယုယန်က ဝမ်ဝေ့အား ကြည့်ကာ မေးလိုက်သည် " အမေ မှတ်မိသလောက် သားကို အထက်တန်းလွှာတစ်ယောက်ကို ကောင်းကောင်းပျိုးထောင်ခဲ့တာပါ။ ဒီလိုရိုင်းပျတာတွေကို ဘယ်ကနေ သင်ထားတာလဲ"

ဝမ်ဝေ့က ပင်လယ်ရေအောက်ထဲ ရှိနေမှန်း သိသော်ငြား ထိုအခြေအနေကို ဘာပြန်ပြောရမှန်း စဉ်းစားလိုက်သည့်အခါ ကျောဘက်မှ ချွေးများပင် စီးကျလာသည်။

သူက အင်တာနက်ခေတ်တွင် ကြီးပျင်းခဲ့သောကြောင့် ခေတ်သစ်ဘက်မှ လူများ အွန်လိုင်းပေါ် သောက်ဖောင်းထုကြသည်များနှင့် ယှဉ်လိုက်လျှင် ထိုမှတ်တမ်းများက ဘာမှမဟုတ်ကြောင်း မပြောပြနိုင်ပေ။ အထူးသဖြင့် ဒီကမ္ဘာ၏ အတွေးအခေါ်နှင့် ရှေးရိုးစွဲ အယူအဆများနှင့် နှိုင်းယှဉ်ကြည့်သည့်အခါတွင် ဖြစ်၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now