အခန်း(၃၆၂)

65 7 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၆၂) : စိတ်ငြိမ်းချမ်းခြင်း

လျူမိန်ရှုကို သတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။ သူ့စိတ်အခြေအနေက အပြောင်းအလဲ ဖြစ်မသွားပေ။ သူက သေခြင်းတရားသည် ကျင့်ကြံရေးလောက၌ ပုံမှန်ဖြစ်နေသည့်အလား အသားကျနေပြီ ဖြစ်၏။

သူက သေခြင်းတရားနှင့် အရေထူနေပြီဟု ပြောနိုင်လေသည်။ ကံကြမ္မာစွမ်းအားတချို့ကို နားလည်ပြီးသည့်နောက်တွင် သေမျိုးများသည် ကျင့်ကြံသူလက်များ၌ သေဆုံးရသည်က သေမျိုးများ၏ ကံကြမ္မာသာဖြစ်ကြောင်း သိလာသည်။ သို့သော်လည်း သူက ချီကံကောင်းမှုကို စစ်ဆေးပွဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများနှင့် စိတ်ခုနေမိသေး၏။ ထို့ကြောင့် သူက လျူမိန်ရှုအား သတ်ဖို့ရာ ကြံစည်ထားခဲ့သည်။

သူက သူမ၏ ခန္ဓာကိုယ် မြေပြင်ပေါ် လဲကျသွားပြီး ဝိညာဉ်ဖျက်ဆီးခံရသည်ကို ကြည့်နေရင်း စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။

ဝမ်ဝေ့က အသာသက်ပြင်းချလိုက်သည်။ သူက လက်ကို မြှောက်ကာ သူမ၏ ခန္ဓာကိုယ်အား မီးရှို့ပစ်လိုက်၏။ ထို့နောက် သူက လတ်တလောလေး ရရှိထားသည့် မကောင်းဆိုးဝါး နတ်ဘုရားခန္ဓာ ဆင့်ကဲခြင်း ၁၂ မျိုးကျင့်စဉ်အကြောင်း အမှတ်ရသွားပြီး သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်။

ထို့ကြောင့် သူက ပျောက်ကွယ်တော့မည် ဖြစ်သည့် သူမ၏ ဝိညာဉ်အပိုင်းအစတချို့ကို ချက်ချင်းစည်းပိတ်လိုက်သည်။

" မင်းက သူမကို မြှပ်နှံခွင့်တောင် မပေးဘူးလား" သားရဲမွေးမြူရေးတောင်ကြားမှ အစစ်အမှန်အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။

" သူမ သတ်ခဲ့တဲ့သူတွေထဲမှာ မြှုပ်နှံခွင့်မရတဲ့သူတွေ ဘယ်လောက်တောင် များလိုက်သလဲ။ အကုန်လုံးကို သူမရဲ့ သားရဲတွေကနေ ဝါးမျိုသွားတာလေ" ဝမ်ဝေ့ ပြန်ဖြေလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now