အခန်း(214)

154 23 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၁၄) : စစ်တုရင် ကစားသမားများ

ပိုင်ဟန်က ပါဝင်ယှဉ်ပြိုင်သူများ၏ အံ့အားသင့်နေသည့် အမူအရာများကို ကြည့်လိုက်ရင်း ဆက်ရှင်းပြလိုက်သည်။

"ဒီမျိုးဆက်ရဲ့ စစ်ဆေးမှုအတွက် အင်အားနဲ့ ခွန်အားအပေါ်ကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကြောင့် ဆရာတွေက ပြိုင်ပွဲလေးခုကနေ အနိုင်ရသူတွေကို ဝင်ခွင့်လေးခု ပေးမဲ့အစား တခြားကောင်းကင်ရွေးချယ်ခံ လေးယောက်ကို ပေးအပ်ဖို့ မဲပေးဆုံးဖြတ်ခဲ့ကြတယ်။

ဒီနှစ်ရဲ့ ကျွမ်းကျင်အတတ်ပညာဘက်မှာ အနိုင်ရသူ လေးယောက်အတွက်ကို စိတ်မကောင်းပေမဲ့ ကျောင်းတော်က သူတို့ကို အကောင်းဆုံး ပြန်လျော်ပေးပါလိမ့်မယ်"

လူများစွာက စည်းမျဉ်းအသစ် ပြောင်းလဲသွားပြီး သူတို့ဝင်ခွင့်ရနိုင်ခြေ မြင့်မားလာကြောင်း သိသည့်အခါ စိတ်လှုပ်ရှားလာကြသည်။ ဆေးပညာနှင့် အစီအရင်ဆရာများကမူ တုန်လှုပ်ကာ ဒေါသထွက်နေကြသည်။

သူတို့ကို ကမ္ဘာကြီးထဲ အလေးစားရဆုံး ပညာရှင်များအဖြစ် အမြဲတမ်း သတ်မှတ်ထားကြသည်။ သူတို့သွားသည့် နေရာတိုင်း လူများစွာက လေးစားစွာ ဆက်ဆံကြလေသည်။

စည်းမျဉ်းများကို သူတို့ဘက် မျက်နှာလိုက်ကာ ပြောင်းလဲလေ့ရှိသော်လည်း ယခုအခါ ...

ထိုစည်းမျဉ်း ပြောင်းလဲမှုကြောင့် အံ့အားအသင့်ဆုံးလူများက ဆေးပညာရှင်များ ဖြစ်၏။ သူတို့က ကမ္ဘာကြီးထဲ အာဏာအများဆုံး ကိုင်ဆောင်ထားကြသူများလည်း ဖြစ်ပေသည်။ ဆေးလုံး ဖော်စပ်နိုင်စွမ်းဖြင့် လူများစွာ၏ အသက်ကို ကယ်တင်ပေးနိုင်သလို ကျင့်ကြံဆင့်ကိုလည်း မြင့်ပေးနိုင်ကြသည်။ ပါရမီစွမ်းရည် တိုးလာဖို့အတွက်လည်း သူတို့ ဖော်စပ်သော ဆေးလုံးများ အသုံးပြုကြသည်။ သူတို့က လူမှု့အသိုက်အဝန်းထဲ အလေးစားခံရဆုံး လူများ ဖြစ်ကြသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now