အခန်း(၃၇၈) book 27 end

97 15 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၇) ပြီးပါပြီ

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၇၈) : ဒုတိယတွေ့ဆုံမှု

ဝမ်ဝေ့က ကျမ်းခန်းမဆောင်မှ ထွက်လာပြီးသည့်နောက်တွင် ဂိုဏ်းအထက် တိမ်မည်းများ စုစည်းနေသည်ကို မြင်လိုက်ရသည်။ သူ့အကြည့်က အဝေးတစ်နေရာသို့ ထိုးဖောက်သွားသည့်အခါ ဆေးလုံး စမ်းသပ်ချက် ခံယူနေသည့် ဆေးလုံးတစ်လုံးကို မြင်လိုက်ရ၏။

ထိုစမ်းသပ်ချက်၏ ပြင်းအားက အတော်လေး ပြင်းထန်လွန်းပြီး မီးတောက်၊ လေနှင့် မိုးကြိုးတို့ကပါ ဖျက်ဆီးဖို့ ကြိုးစားနေကြသည်။ သို့သော်လည်း ဆေးလုံးက ကောင်းကောင်းခံနိုင်ရည်ရှိနေသည်။

" ကြည့်ရတာ ဆရာက အောင်မြင်သွားပုံပဲ" ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် သူ သီးသန့်ကျင့်ကြံသွားသည့်အချိန်က လူအိုကြီးနှင့် အတူတူဖြစ်နေသည်မှာ တိုက်ဆိုင်မှုလားဟု တွေးနေမိလေသည်။

သူ ယဲ့လောင်အား ပေးလိုက်သည့် ပင်ကိုဆေးလုံး နည်းစနစ်ထဲတွင် သင်္ကေတ ရေးထိုးခြင်းဖြစ်စဉ်ကို ကူညီပေးနိုင်သည့် မိုးမြေစွမ်းအားကို အသုံးပြုခြင်း ပါဝင်သည့် သီးသန့်နည်းလမ်းကို ရေးသားထားလေသည်။

သူက ထိုနည်းလမ်းသည် သူ့ဆရာအား အဆင့် ၆ ဧကရာဇ် တစ်ပိုင်း ဆေးဝါးပညာရှင် ဖြစ်လာဖို့အတွက် အတားအဆီး ချိုးဖောက်ဖို့ရာ ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိနေသည်။ ကောင်းကင်ရှိ တိမ်တိုက်များအပေါ် မူတည်၍ သူက အောင်မြင်သွားပုံပေါ်သည်။

စမ်းသပ်ချက် အောင်မြင်သွားသည့် ဆေးလုံးကို ကြည့်နေရင်း ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်မိသည်။

ဒီဟာက ခင်ဗျားရဲ့ တပည့် ဟန်ဆောင်ပြီး ခင်ဗျားဂိုဏ်းက ဧကရာဇ်ကျမ်းနှစ်ခုကို ခိုးယူ ... မဟုတ်သေးဘူး ငှားယူတာအတွက် ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ဖို့ လုံလောက်မှာပါ ...

ထို့နောက် သူက သူ့ဆရာဆီ သွားမတွေ့ဘဲ သူ့ဂူဆီ ပြန်သွားလိုက်လေသည်။ သူက လူအိုကြီးသည် လတ်တလော အဆင့်တက်လှမ်းမှုကို အခြေတည်ဖို့ ကြိုးစားရဦးမည်ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now