အခန်း(246)

134 18 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၄၆) : ဗလာခေတ်

တိထျန်းက အစစ်အမှန် အုပ်ချုပ်သူများ စည်းပိတ်ပေးထားသည့် ပိုင်ဟိုင် အနားမှ ကပ်ဘေးချီကို သတိထားမိစဉ် ထိုအချက်ကို နောက်ထပ် သတိထားမိသူလည်း ရှိသေးသည်။ ထိုလူက ဝမ်ဝေ့ ဖြစ်၏။

တာအိုအခွင့်အလမ်းဂိုဏ်း၏ မျှောလွင့်ရုံငယ်အတွင်း ဝမ်ဝေ့က ပိုင်ဟန်ကို မြင်လိုက်လိုက်ချင်း တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ သို့သော် သူက ဘယ်အရာမှန်း မပြောနိုင်ပေ။ ကျောင်းအုပ်အနား တစ်ခုခုရှိနေဟန် ပေါ်သော်လည်း အာရုံစိုက်လိုက်ပြီးသည့်နောက်တွင်ပင် သေချာမမြင်ရသေးပေ။

ထို့ကြောင့် သူက အမြင်စွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ ပိုင်ဟန်၏ ခေါင်းအထက် မျှောလွင့်နေသည့် အနီရောင်အစုအဝေးကို မြင်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ထိုအရာက နဂိုက မရှိနေခဲ့ပေ။

"ရှင် သတိထားမိတယ်မလား" သူ့အနားတွင် ထိုင်နေသည့် ဝူဟုန်က မေးလာသည်။

"အင်း" ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်၏ "အဲဒါ ဘာကြီးလဲ။ ဒါမှမဟုတ် ကိုယ် မသိသင့်တဲ့ နောက်ထပ် လျို့ဝှက်ချက်တစ်ခုလား"

"အဲလို‌တော့ မဟုတ်ပါဘူး" ဝူဟုန်က ပြန်ဖြေလိုက်သည် "အဲဒါကို ကပ်ဘေးချီလို့ ခေါ်တယ်။ ရှားပါးတယ်ဆိုပေမဲ့ အားကောင်းတဲ့ ကျင့်ကြံသူကြားမှာတော့ ပုံမှန်ဗဟုသုတအနေနဲ့ သိကြပါတယ်"

"အဲဒါက ဘာကြီးလဲ"

ဝူဟုန်က ခဏတာ တွေးလိုက်ပြီးနောက် " အရှင်းဆုံးပြောရရင် ကပ်ဘေးချီဆိုတာ ကောင်းကင်တာအိုက တခြားလူတွေကို ကြိုးဆွဲတဲ့အခါ သုံးတဲ့ အားအကောင်းဆုံး လက်နက်ပဲ။ အဓိက လူတစ်ယောက်ရဲ့ စိတ်အပေါ် သက်ရောက်မှု ရှိပြီး ပုံမှန်စရိုက်နဲ့ မတူတာတွေ တုံးအအ၊ အကျိုးအကြောင့်မသင့်တာတွေ လုပ်ဖို့ပေါ့။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now