အခန်း(၃၄၀)

99 9 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၄၀) : နတ်ဘုရားမ၏ အမျက်ဒေါသ

ချပ်ဝတ်နတ်ဘုရားလျူက တရားထိုင်နေရာမှ မျက်လုံးပွင့်လာခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို အနီးကပ် ကြည့်လိုက်ပါက သူ့ မျက်ဝန်းအတွင်း ထူးဆန်းသည့် သင်္ကေတများ ဖျတ်ခနဲလက်သွားသည်ကို မြင်ရလိမ့်မည်။ သူက အချက်ပြမှုတစ်ခုကို ရရှိလိုက်သည့်အလား တည်နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။

" အခုအချိန်ကျလာပြီလား"

ထို့နောက် သူက ဉာဏ်များစွာ ပြုံးလိုက်သည်။ ချပ်ဝတ်နတ်ဘုရားလျူ၏ နဂိုမောက်မာမှုများက ပျောက်ကွယ်သွားပြီဖြစ်ကာ တည်ငြိမ်အေးဆေးသည့် အပြုအမူတို့ အစားထိုး ဝင်ရောက်လာလေသည်။ သူက လွန်ခဲ့သည့် တစ်နှစ်ကလူနှင့် မတူညီသည့် လူတစ်ယောက် ဖြစ်သွားဟန်ပေါ်သည်။

သူက သူ့ကျောင်းဆောင်မှ ထွက်လာကာ ကောင်းကင်ဘုံဗိမာန်အတွင်း လျှောက်သွားလိုက်သည်။ သူ သွားလေရာတိုင်း လေ့ကျင့်နေသည့် နတ်ဘုရားများစွာကို မြင်လိုက်ရသည်။ ထိုနတ်ဘုရားများက သူ့အား မြင်တွေ့သည့်အခါ သူတို့၏မျက်ဝန်းများက ချက်ချင်းဆိုသလို သွေးနီရောင် သင်္ကေတအဖြစ် ပြောင်းလဲသွားပြီး သူ့အား ဦးညွှတ်လာကြသည်။

သူက ကောင်းကင်ဘုံဗိမာန်ရှိ အရာအားလုံးကို ပြန်လည်ကြည့်လိုက်ပြီးသည့်နောက်တွင် ယခုအရိပ် ဖြစ်နေသည့် ချပ်ဝတ်နတ်ဘုရားလျူသည် သူ့ဘာသာသူ တွေးလိုက်မိသည်။

ဒီနှစ်တွေမှာ ငါ သွေးပူးကပ်ခြင်း ကျိန်စာကို အသုံးပြုပြီးတော့ မီးနတ်ဘုရား ပိုင်နက်အများစုကို ကျူးကျော်နိုင်ခဲ့တယ်။ ငါ မထိနိုင်ဘဲ ကျန်ရှိနေတဲ့ တစ်ခုတည်းသောနေရာက မီးနတ်ဘုရားရဲ့ ကောင်းကင်ဘုံဗိမာန်ပဲ ...

စောင့်ကြည့်နေတဲ့ စည်းမျဉ်းတွေအောက်မှာ နတ်ဘုရားတွေကို တိတ်တဆိတ် ထိန်းချုပ်ဖို့ အရမ်းကိုခက်ခဲလွန်းတယ်။ ပြီးတော့ စတေးမှုက မထိုက်တန်ဘူး။ အခု အားလုံးက မရဏနယ်မြေအပေါ် အာရုံစိုက်နေကြတာဆိုတော့ အခု လှုပ်ရှားဖို့ အချိန်ကောင်းပဲ ....

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Onde as histórias ganham vida. Descobre agora