အခန်း(၂၇၆)

139 17 1
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၀)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၂၇၆) : မမျှော်လင့်ထားသည့် ဧည့်သည်

ယန်းချန်၏ စွမ်းအားဖြင့် ဝမ်ဝေ့က အာကာပြင်ကို ချိုးဖောက်ကာ တာအိုအခွင့်အလမ်းဂိုဏ်းသို့ ပြန်လာခဲ့သည်။ ကံဆိုးစွာဖြင့် လမ်းတွင် မတော်တဆမှုတစ်ခု ဖြစ်သွားလေသည်။ ဝမ်ဝေ့နှင့် ယန်းချန်တို့က သူတို့၏ ပြောင်းရွေ့သွားလာမှု နှောင့်ယှက်ခံလိုက်ရပြီး သဲများသာရှိသည့် ကန္တာရအတွင်းသို့ ကျရောက်သွားကြောင်း တွေ့လိုက်ရသည်။

သိပ်မကြာခင် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာကာ ကမ္ဘာကြီးက ပြောင်းလဲသွားဟန်ပေါ်သည်။ သို့သော် ယန်းချန်က မတုံ့ပြန်နိုင်ခင် ဝမ်ဝေ့ရှေ့မှောက်မှ ပျောက်ကွယ်သွားလေသည်။

ဝမ်ဝေ့အတွက်မူ အခြေအနေတစ်ခုလုံး တည်ငြိမ်နေဆဲသာ ဖြစ်၏။ သူက သိထားပြီးသားဟူသော အပြုံးမျိုး ပန်ဆင်ထားလေသည်။ သူက လေဟာနယ်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် ယန်းချန်က ကြယ်တာရာများစွာ ဝန်းရံထားသည့် သီးသန့်လေဟာနယ်တစ်ခုထဲအတွင်း ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

ယန်းချန်က သူ့ဓမ္မခန္ဓာကိုယ်ဖြင့် ပတ်ဝန်းကျင်ကို တိုက်ခိုက်ကာ သူ့ကို သူ့သခင်လေးအား ကာကွယ်ရန် တားဆီးနေသည့်အရာများကို ချိုးဖောက်ရန် ကြိုးစားနေလေသည်။

ယန်းချန် အဆင်ပြေကြောင်း စစ်ဆေးပြီးသည့်နောက်တွင် ဝမ်ဝေ့က တခြားတစ်ဖက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည် " ထွက်ခဲ့။ ခင်ဗျား ဒီမှာရှိတာ ကျုပ်သိတယ်"

" အော် မင်း ဘယ်လိုများ သိပါလိမ့်" အေးစက်စက်အသံပိုင်ရှင်က ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၏ ယခင်ကျောင်းအုပ် ပိုင်ဟန် ဖြစ်နေလေသည်။

" ဒီနေ့ ကျုပ်အတွက် ကံဆိုးမယ်ဆိုပြီးတော့ ခံစားမိနေတယ်။ ဒါပေမဲ့ ကျုပ်ခန့်မှန်းချက်က အန္တရာယ်ခြိမ်းခြောက်နှုန်းက အလယ်အလတ်ကနေ နည်းပါးတယ်လို့ ပြသနေတယ်။ ကျုပ်သာ ကောင်းကောင်း ကစားနိုင်ရင် အကျိုးအမြတ်တောင် ရနိုင်သေးတယ်။"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now