အခန်း(၂၉၆)

142 19 5
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၂)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၂၉၆) : အကျပ်ကိုင်ခြင်း

အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားနှင့် ထူးထူးဆန်းဆန်း တွေ့ဆုံပြီးနောက်တွင် ဝမ်ဝေ့က စာအုပ်ပုံကြား ပြန်ရောက်သွားလေသည်။ သို့သော်လည်း ယခင်နှင့်မတူသည်က သူ့တွင် ထိုအကြောင်းအရာများကို မှတ်မိဖို့ သို့မဟုတ် ဖတ်ရှုဖို့ ပြဿနာ မရှိတော့ပေ။ ကြည့်ရသည်မှာ သူ့နည်းလမ်းက အလုပ်ဖြစ်ပုံပေါ်သည်။

ထို့ကြောင့် သူက ရက်သတ္တပတ် အနည်းငယ်အထိ ဗုဒ္ဓဘာသာအကြောင်း ဖတ်ရှုကာ ယုံကြည်မှုစွမ်းအားကို အသုံးပြု၍ သူ့ဝိညာဉ်အား သန့်စင်နိုင်မည့် နည်းလမ်းကို ရှာဖွေနေသည်။

" မင်း နည်းလမ်းကို ရှာတွေ့ပြီလား" သူ့အဖေက မေးလိုက်သည်။

" ရှာမတွေ့သေးဘူး" ဝမ်ဝေ့က ခေါင်းခါရင်း ပြန်ဖြေလိုက်သည် " ကျွန်တော် သင်ယူခဲ့သမျှက အဲဒီခေတ်က ဘုန်းကြီးတချို့က သူတို့ဝိညာဉ်ကို သန့်စင်ဖို့ အသိရှိ မီးတောက်လို့ ခေါ်တဲ့ တစ်ခုခုကို အသုံးပြုခဲ့ပုံပဲ။ အဲဒီမီးတောက်က သက်ရှိတွေဆီက ယုံကြည်မှုတွေကို စုစည်းပြီးတော့ ဖန်တီးထားတာ။ အဲဒါကြောင့် အဲဒီနာမည် ဖြစ်ပေါ်လာတာပဲ"

" အဲဒါဆိုတော့ အသုံးမဝင်ဘူးလား"

" အဲလိုလည်း မဟုတ်သေးဘူး။ ကျွန်တော် ဒီနည်းလမ်းကို ရှာမတွေ့ပေမဲ့ ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတဲ့ အကြံတစ်ခုတော့ ထွက်လာတယ်"

အားလုံးက ထိုအရာကို ကြားပြီး မျက်လုံးများ လင်းလက်လာကြသည်။ သူတို့က သူ ရှင်းပြသည်ကို စောင့်ဆိုင်းနေလေ၏။ ထို့နောက် ဝမ်ဝေ့က သူတို့အား သူစဉ်းစားမိသည့် အစီအစဉ်အား တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြလိုက်သည်။

အားလုံးက ထိုအရာကို နားထောင်ပြီးသည့်နောက်တွင် သူတို့ရရှိသည့် သတင်းအချက်အလက်များကို တွက်ချက်ဖို့ ကြိုးစားလိုက်ကြ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now