အခန်း(၃၆၈)

82 13 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၆၈) : သူတော်စင်အဆင့် ဆေးဝါးပညာရှင်

လူအိုကြီးနှစ်ယောက်က ကောဇောပျံကို စီးနင်းလျက် တစ်နေရာသို့ ပျံသန်းလာသည်။ သူတို့နှစ်ယောက်လုံးတွင် ဆံပင်အဖြူ၊ မုတ်ဆိတ်အဖြူများ ရှိထားကြပြီး အနည်းငယ် ညိုသော အသားအရည် ရှိ၏။ သူတို့ထဲမှ တစ်ယောက်က အနီရောင် ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်က အနက်ရောင် ဝတ်ဆင်ထားလေသည်။

" ဒီကောင်လေး စစ်ဆေးမှုကို အောင်မြင်မယ်ထင်လား" အနီဝတ် အကြီးအကဲက မေးလိုက်သည်။

" ငါ မသိဘူး။ ဒါပေမဲ့ သူ အောင်မြင်ခဲ့ရင်တော့ စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ"

" အမှန်ပဲ။ အရင်မျိုးဆက် နှစ်ခုမှာ ဖူချိုက်ယွင်က မူလဆေးလုံးတာအိုဂိုဏ်းမှာ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်နဲ့ သူတော်စင်ဆေးဝါးပညာရှင် ဖြစ်လာခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ တကယ်လို့ လော့ချန်သာ အောင်မြင်သွားခဲ့ရင် ဖူချိုက်ယွင်ရဲ့ စိတ်သဘောထား ကျဉ်းမြောင်းမှုနဲ့ သူ့အသက်ရှင်နိုင်ချေက အတော်လေးကို နည်းပါးသွားလိမ့်မယ်"

" အဲလိုလည်း မဟုတ်လောက်ပါဘူး" အနီဝတ် အကြီးအကဲက ပြောလိုက်သည် " အထွတ်အထိပ် အကြီးအကဲတွေက ဖူချိုက်ယွင်ရဲ့ ဖျက်ဆီးလိုစိတ်ကို သည်းခံပေးနေတာက သူ့ပါရမီကြောင့်ပဲ။ တကယ်လို့ လော့ချန်ကသာ သူ့လောက် ပါရမီကောင်းကြောင်း ပြသနိုင်ခဲ့ရင် သူနဲ့ မျှချေအဖြစ် အသုံးချနိုင်လိမ့်မယ်"

" ခင်ဗျားက ဒီအခြေအနေနဲ့ ပတ်သက်ပြီး အကောင်းမြင်လွန်းနေတယ်။ လက်ရှိဂိုဏ်းမှာ အဆင့် (၆) ဧကရာဇ်တစ်ပိုင်း ဆေးဝါးပညာရှင် သုံးယောက်ပဲ ရှိတယ်။ တစ်ယောက်က ကြားနေ၊ တစ်ယောက်က မူလဆေးလုံးတာအိုဂိုဏ်းရဲ့ ကြီးထွားမှုကို အပြည့်အဝ အားစိုက်ထားတဲ့သူ၊ ပြီးတော့ ဖူချိုက်ယွင်က အငယ်ဆုံးပဲ။

လတ်တလော ကောလဟာလတွေအရ ဖူချိုက်ယွင်ရဲ့ အောင်မြင်နှုန်းက ကျန်တဲ့နှစ်ယောက်ကို ကျော်တက်သွားပြီတဲ့။ အဲဒီဟာတစ်ခုတည်းနဲ့တင် သူ့ရဲ့ လွှမ်းမိုးမှု မြင့်လာဖို့ လုံလောက်နေပြီ"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Wo Geschichten leben. Entdecke jetzt