အခန်း(245)

155 19 5
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၄၅) : ကပ်ဘေးချီ၏ ကြောက်စရာကောင်းမှု

" သူ့ကို ပြောလိုက်ကြတာပေါ့။ ဒါပေမဲ့ ဘာမှကွာခြားသွားမယ်တော့ မထင်ဘူး။ ကပ်ဘေးချီက ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်" အစစ်အမှန် အုပ်ချုပ်သူတစ်ဦးက ပြောလာသည်။

"အဲဆို တခြားသူတွေ မမြင်ရအောင် စည်းပိတ်ပေးထားကြမယ်။ တခြားအင်အားစုတွေ ဒီအချက်ကို သုံးပြီး အခွင့်ကောင်းယူသွားတာ မဖြစ်စေချင်ဘူး။ ပြီးတော့ ပိုင်ဟန်နဲ့ သူ့အဖွဲ့က ဒီကပ်ဘေးကနေ မြန်မြန်နိုးထလာနိုင်ရင် သူတို့စိတ်အခြေအနေက ငြိမ်သက်သွားလိမ့်မယ်။ အဲဆို သူတို့ အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်ဖို့ ပိုလွယ်ကူလာလိမ့်မယ်"

" ဒါက နည်းလမ်းကောင်းပဲ။ အထွတ်အထိပ် လမ်းစဉ်က ဖြည်းဖြည်းချင်း ပွင့်လာပြီဆိုတော့ အချိန်ကိုက်ပဲ"

ထို့ကြောင့် အစစ်အမှန် အုပ်ချုပ်သူအားလုံးက နောက်အဆင့်ကို ဆုံးဖြတ်ပြီးကြလေပြီ။ သို့သော်လည်း လင်းဖန်၏ တာအိုကာကွယ်သူ ချိုးကျင့် ပြောလာသည် " ကပ်ဘေးချီက ပိုင်ဟန်ကို ဧကရာဇ်တာအိုစစ်ပွဲ စတင်ဖို့ ဖိအားမပေးသရွေ့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ကျုပ်ဂရုစိုက်တာက အဲလိုဖြစ်လာစေမဲ့ အကြောင်းအရင်းပဲ"

"သိသာနေတာ မဟုတ်ဘူးလား။ ကောင်းကင်တာအိုက ကပ်ဘေးချီကို အသုံးပြုပြီး ပိုင်ဟန်ရဲ့ စိတ်ကို အကျိုးသင့်အကြောင်းသင့် မတွေးခေါ်နိုင်အောင် လှုံ့ဆော်နေတာ သူ့ကို ဝမ်ဝေ့ရဲ့ ရန်သူအဖြစ် ကျန်ရှိနေအောင်လို့လေ ... ဒီလိုအခြေအနေမှာ ခေါင်းငုံ့လိုက်တာက ဉာဏ်အရှိဆုံး ရွေးချယ်မှု ဖြစ်မယ်ဆိုပေမဲ့ ..." အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ပြောလိုက်သည်။

"ဟုတ်တယ် ... တကယ်လို့ ပုံမှန်ဖြစ်နေတဲ့ ပိုင်ဟန်သာဆိုရင် ဒီလိုပြုမူနေမှာ မဟုတ်ဘူး" နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now