အခန်း(၃၈၈)

86 13 2
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ

အခန်း (၃၈၈) : ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်အဆင့်

ဝမ်ဝေ့က သူ့လက်ရှိ အရည်အချင်းအပေါ် မူတည်၍ ပညာရှင်ထိန်းချုပ်ရေးအဆင့်သို့ ရောက်ရှိနိုင်ကြောင်း သိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ကျေနပ်နေမိသေး၏။ သူက စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုအဆင့်တွင် ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါနှင့် သွေးကို ထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်၏ ခွန်အားကို ထုတ်ပြနိုင်လိမ့်မည်။

သူ့လက်ရှိခန့်မှန်းချက်အရ ကျွမ်းကျင်ပညာရှင်အဆင့်သည် သူ့ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးကို အသုံးပြုပြီး ခွန်အားကို ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်ကာ အထွတ်အထိပ် ထိန်းချုပ်ရေးအဆင့်သည် သူ့ခန္ဓာကိုယ်မှ အက်တမ်နှင့် အမှုန်အမွှားများကိုပင် အသုံးပြုခွင့်ပေးထားသည်။

ကောင်းကင်တာအို ထိန်းချုပ်ရေးကိုလား

သူက ကွမ်တန်အဆင့်သို့ ရောက်ရှိသွားရလိမ့်မည်။ သို့မဟုတ် ထိုအဆင့်၌ အပြောင်းအလဲတချို့ဖြစ်လာလိမ့်မည်။

ခွန်အားအရ ပညာရှင်အဆင့်သို့ ရောက်ရှိသော်လည်း သူက သူ့ဝိညာဉ်ကို ထိန်းချုပ်ရာ၌ အပြည့်အဝ ထိန်းချုပ်ရေးအဆင့်သာ ရှိသေး၏။ ထို့ကြောင့် သူက သူ့ဝိညာဉ်အား အလားအလာအပြည့် ထုတ်မသုံးနိုင်ကြောင်း သတိထားမိလိုက်သည်။

ဝမ်ဝေ့က လုပ်ဆောင်ပြီးသွားသည်နှင့် သူ ပြီးမြောက်သွားသကဲ့သို့ အတွေးအခေါ်မျိုးကို ရရှိလိုက်သည်။ သူက ထိုထိန်းချုပ်ရေးအဆင့်ဖြင့် သူ့ ကမ္ဘာဦးစိတ်ဝိညာဉ် သန့်စင်နိုင်ချေက နှစ်ဆယ် ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး သူ စုစုပေါင်း အောင်မြင်နိုင်ချေကို ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားစေသည်။

နောက်အဆင့်တွင် ဝမ်ဝေ့က အဆင့်တက်လှမ်းဖို့ စတင်လိုက်သည်။ သူက လီကျွင်းနှင့် တခြားလူများအား သတိပေးကာ သူ့အတွက် စုဆောင်းသူ အများအပြားကို ဖွဲ့စည်းစေခဲ့သည်။ ကမ္ဘာရှိ သေမျိုးများနှင့် နတ်ဘုရားများက ဘုရားကျောင်းများတွင် ဒူးထောက်ကာ ဝမ်ဝေ့အတွက် ဆုတောင်းပေးကြ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now