အခန်း(204)

193 27 6
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၀၄) : မောက်မာမှုနှင့် မာန

ဝမ်ဝေ့က လှည့်ကြည့်လိုက်သည့်အခါ စုယာ သူ့ဆီ ချည်းကပ်လာသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း ဤတစ်ခေါက် သူမ ဆံပင်များက အနက်ရောင် ဖြစ်နေသည်။ ထို့ကြောင့် သူမ ဆံပင်အရောင်များက မည်သည့်အခြေအနေကို ဆိုလိုချင်ကြောင်း စဉ်းစားနေမိသည်။

သူမ စိတ်ခံစားချက်ပေါ် မူတည်နေတာလား ...

သို့သော်ငြား ဝမ်ဝေ့က ထိုအရာသည် သူမ၏ စိတ်အခြေအနေကို အလွယ်တကူ ဖော်ပြနေသောကြောင့် မဖြစ်နိုင်ကြောင်း ခေါင်းအသာယမ်းလိုက်မိသည်။

ထိုသို့ဆိုလျှင်ပင် သူ့အနေနှင့် ဆံပင်များကို စိတ်ခံစားချက် ညွှန်ပြချက်တစ်ခုအနေနှင့် သုံးမည် မဟုတ်ပေ။ တခြားလူ၏ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒတို့ကို အလွယ်တကူ ထိန်းချုပ်နိုင်သူအနေနှင့် သူမဘာသာ ကိုယ်ပိုင်ခံစားချက်များအား မထိန်းချုပ်နိုင်ကြောင်း ယုံနိုင်ဖွယ် မရှိပေ။

"မိန်းကလေးစုယာ ဘာများလုပ်ပေးရမလဲ"

" ကျွန်မတို့ စကားဝိုင်းတစ်ခုစဖို့ ရှင့်ဆီက တစ်ခုခုလိုချင်မှ ဖြစ်မှာလား။ ဒါမှမဟုတ် သခင်လေးဝမ်ဝေ့က ကမ္ဘာမှာ ဒုတိယနဲ့ တတိယအလှဆုံး မိန်းကလေးတွေနဲ့ တစ်ပြိုင်တည်း စကားပြောဖို့ စိတ်မပါဘူးလား"

"ဟမ် မင်းက ... "

"ရှင် မသိဘူးလား"စုယာက ဉာဏ်များစွာ ပြုံးလိုက်ရင်း မေးလိုက်သည် "ဒါမှမဟုတ် ကျွန်မက ဒုတိယနေရာနဲ့ မထိုက်တန်ဘူးလို့ ထင်လို့လား"

ဝမ်ဝေ့က ထိုအရာကို ကြားပြီး ပြုံးလိုက်မိသည် " ကျွန်တော်က မနေ့ကမှ ရောက်လာဆိုတော့ သတင်းအချက်အလက် သိပ်မသိသေးလို့ပါ။ ဒီပွဲမှာလည်း မိန်းကလေးဝူဟုန်ရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပြီး ကျန်တာတွေ သိပ်အာရုံမစိုက်မိတော့လို့ပါ။ အဲဒါကြောင့် စိတ်ထဲမထားပါနဲ့ ... ကျွန်တော်တို့ စကားဝိုင်းမှာ ဝင်ပါဖို့ ကြိုဆိုတာထက် ပိုပါတယ် "

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now