အခန်း(၂၅၃)

134 23 5
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၉)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၅၃) : အကျိုးဆက်များ

ကျောင်းတော်၏ ချီကံကောင်းမှု သုံးပုံတစ်ပုံ ဖြတ်တောက်ခံလိုက်ရပြီးနောက် ချီကံကောင်းမှု နဂါးအသစ်က ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ သို့သော်လည်း ဤတစ်ခုက ယခင်နှင့် အရောင်မတူဘဲ လုံးဝကို အဖြူဆွတ်ဆွတ် ဖြစ်နေသည်။ ပုံသဏ္ဍာန် ဖြစ်တည်လာပြီးနောက် ချီကံကောင်းမှု နဂါးက ကမ္ဘာတစ်နှံ့ အလျှင်အမြန် သွားလာကာ သေမျိုးများ၏ ခန္ဓာကိုယ်မှ ထွက်လာသော အဖြူရောင်အလင်းအစုအဝေးများကို စုပ်ယူရင်း အရွယ်အစား ကြီးမားလာသည်။

"ဒါက စာသင်ကျောင်း သဘောတရားနဲ့ ဆက်စပ်နေတဲ့ ချီကံကောင်းမှု နဂါးလား" တာအိုအခွင့်အလမ်းဂိုဏ်း၏ အကြီးအကဲတစ်ယောက်က တအံ့တဩ ပြောလိုက်သည်။ အားလုံးက တအံ့တဩ ကြည့်ရှုနေကြသောကြောင့် မည်သူကမှ ပြန်မဖြေနိုင်ကြပေ။

အကြီးအကဲတစ်ယောက်က ရုတ်ချည်း ပြောလာသည် " ကျုပ်တို့ဂိုဏ်းမှာ ဒီလိုအောင်မြင်မှုမျိုး ရရှိဖူးတဲ့ တစ်ခုတည်းသော အချိန်က ကျုပ်တို့ဘိုးဘေး မူလလမ်းစဉ် စနစ်ကို ဖန်တီးလိုက်တုန်းက ဖြစ်မယ် တူတယ်"

လူအားလုံးက ထိုအရာသည် မှန်ကန်ကြောင်း သတိပြုမိသွားကြသည်။ လူတစ်ယောက်က စင်မြင့်ပေါ်တွင် ရပ်နေဆဲ ဖြစ်သည့် ဝမ်ဝေ့ထံ ချက်ချင်း ဦးညွှတ်လိုက်သည်။

"ဂိုဏ်းချုပ်ငယ်လေးက ကျုပ်တို့ဘိုးဘေးတွေရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ပြောင်မြောက်စေတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ဂိုဏ်းချုပ်ငယ်လေးကို ကျေးဇူးတင်ပါတယ်" နောက်တစ်ယောက်လည်း ထပ်ပြောလိုက်သည်။ ထို့နောက် အကြီးအကဲများစွာနှင့် မဟာအကြီးအကဲများပင် သူ့ထံ ဦးညွှတ်လိုက်ကြသည်။

ဝမ်ဝေ့က ထိုလက်ဆောင်၏ အမှန်တကယ့် အကြောင်းအရင်းကို မှန်းဆမိလေသည်။ နှစ်များစွာကြာသည့်တိုင် တာအိုအခွင့်အလမ်းဂိုဏ်းက ဘိုးဘေး ဖန်တီးထားသည့် မူလလမ်းစဉ် နည်းစနစ်၏ ချီကံကောင်းမှုအပေါ်သာ မှီခိုနေရသည် မဟုတ်ပါလော။ သို့သော်လည်း အချိန်ကြာလာသည့်အခါ တစ်ရက်ကျ ထိုအရာမှ ကောင်းချီပေးမခံရတော့မည်ကို လူအများက စိုးထိတ်နေခဲ့ကြသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now