အခန်း(၃၃၀)

81 8 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၃၀) : မမျှော်လင့်ထားသည့် ပြဿနာ

လီကျွင်းက နတ်ဘုရားတချို့၏ မျက်နှာမှ မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်ကို မြင်လိုက်ရသည့်အတွက် ရန်သူအား မျှားခေါ်ဖို့အတွက် ဆက်လက်သရုပ်ဆောင်လိုက်သည်။

" ခင်ဗျားတို့တွေလည်း ပိုအားကောင်းပြီးတော့ ခင်ဗျားတို့ရဲ့ ဂုဏ်ပုဒ်ကို ချီးကျူးပြီး သီကျူးပေးမဲ့ မျိုးနွယ်သန်းချီရှိလာမဲ့ နတ်ဘုရားတစ်ပါး ဖြစ်ချင်ကြမှာပဲ။ ပိုအရေးကြီးတာက ခင်ဗျားတို့က မသေမျိုးဘဝကို ရရှိနိုင်တယ်။ အထွတ်အထိပ် နတ်ဘုရားအနေနဲ့တောင်မှပဲ ခင်ဗျားတို့က အသက်အရွယ်ကြီးရင့်ပြီး တစ်ရက်မှာ သေရဦးမှာပဲ။"

" ဒါက ကလေးတွေကို မြှူဆွယ်နေတဲ့စကားနဲ့ ပိုတူတယ်" မီးနတ်ဘုရားက ပြောလိုက်သည် " မင်းက ငါတို့ကို အဲလိုအင်အားမျိုး ပေးနိုင်စရာ အကြောင်းမရှိဘူး"

" ခင်ဗျား ပြောတာ မှန်တယ်" လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည် " ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့ကို ဒီလိုစွမ်းအားမျိုး မပေးနိုင်ပေမဲ့ ဒီလိုအရာကို ရနိုင်တဲ့ အခွင့်အရေးတော့ ပေးနိုင်တယ်။ ဒီကမ္ဘာမှာ ချုပ်နှောင်ခံနေမယ်ဆိုရင် ခင်ဗျားတို့တွေ အဲဒီအခွင့်အရေးကို ရလာနိုင်မှာ မဟုတ်ဘူး"

အထွတ်အထိပ် နတ်ဘုရားများက ထိုအရာကို ကြားပြီး တိတ်ဆိတ်သွားလေသည်။ လူများစွာက စိတ်ယိုင်သွားကြသော်လည်း တချို့လူများက လီကျွင်း၏ စကားကို သရော်လိုက်ကြသည်။ သို့သော်လည်း လီကျွင်းက ဂရုမစိုက်ပေ။ လူတချို့က စိတ်ပါသွားသရွေ့ သူတို့အချင်းချင်းကြားတွင် အဖွဲ့ခွဲများဖြစ်သွားစေဖို့ လုံလောက်စေသည်။

" မင်းတို့ကမ္ဘာက အရမ်းအားကောင်းတယ်ဆိုတော့ ငါတို့ဆီ လာဖို့ ဘာလို့ လိုနေတာလဲ" ထိုနတ်ဘုရားထဲမှ တစ်ယောက်က မေးလိုက်သည်။

" ကျုပ်တို့ဂိုဏ်းရဲ့ အမွေခံသားတော်က ဒီကမ္ဘာကို အကြောင်းအရင်းတစ်ခုကြောင့် လိုအပ်လို့ပဲ" လီကျွင်းက ပြောလိုက်သည်။ ထို့နောက် လီကျွင်းက သက်ပြင်းချကာ အသာလေး ရေရွတ်လိုက်သည် " ဟား...အစ်ကိုကြီးသာ ဒီမှာ ရှိလို့ကတော့ ခင်ဗျားတို့ကမ္ဘာကို အုပ်စိုးဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ အားလုံးကို ချက်ချင်းသတ်ဖြတ်လိုက်တာနဲ့ ဒီကမ္ဘာကို အလွယ်လေး အုပ်စိုးနိုင်မှာပဲ"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now