အခန်း(209.1)

155 22 0
                                    


အခန်း(၂၀၉.၁) : နတ်ဆိုးမျိုးနွယ်၏ အတွင်းရေးပဋိပက္ခများ

" ငါတို့မှာ ရွေးချယ်စရာမရှိဘူးလို့ ဘာကိုပြောချင်တာလဲ" နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။

"ထာဝရဧကရာဇ် မွေးထုတ်နိုင်ဖို့ ပါရမီတစ်ခုပဲ လိုအပ်တယ် ထင်နေလား။ သူက မျိုးရိုးပြန်ဖော်ဆောင်ခြင်း စီမံကိန်းကို အောင်မြင်သွားရုံနဲ့ ထာဝရဧကရာဇ် တန်းဖြစ်သွားမယ်လို့ ထင်နေကြတာလား" ရွှေခြင်္သေ့ မျိုးနွယ်ခေါင်းဆောင်က မေးလိုက်သည်။

အခန်းက တဖန်တိတ်ဆိတ်သွားပြန်သည်။ အားလုံးက ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်၏ စကားကို စတင်စဉ်းစားနေကြ၏။ ထာဝရဧကရာဇ်ဆိုသည်မှာ အသင်္ချေအင်ပါယာကမ္ဘာထဲ လျှောက်လှမ်းဖူးသည့် မဟာဧကရာဇ်များကြား အမြင့်ဆုံးအဆင့် ဖြစ်၏။

ခေတ်ကာလများစွာတိုင်၊ နှစ်သန်းပေါင်းများစွာတိုင်၊ မဟာဧကရာဇ်ထောင်ချီတိုင် ထာဝရဧကရာဇ် အရေအတွက်က လက်နှစ်ဖက်တည်းဖြင့် ရေတွက်နိုင်လေသည်။

တကယ်တော့ ခေတ်တစ်ခုအစတွင် ထာဝရဧကရာဇ် တစ်ယောက်သာ ရှိနေသည်။ ခြွင်းချက်ကား ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် ဖြစ်ပြီး သုံးယောက် ထွက်ပေါ်ခဲ့ဖူးသည်။

နှစ်ယောက်က တာအိုအခွင့်အလမ်းဂိုဏ်းမှ ဧကရာဇ်ချီယွမ်နှင့် ဓားဧကရီတို့ ဖြစ်ကြပြီး နောက်ဆုံးတစ်ယောက်မှာ လူသားဧကရာဇ် ဖြစ်ပေသည်။ ထို့နောက် ယုံကြည်မှုခေတ်ကာလတွင် အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်နှင့် မိစ္ဆာခေတ်ကာလတွင် ဧကရီဝူတို့ ပေါ်ထွက်ခဲ့ဖူးသည်။ နောက်တစ်ယောက်က အလယ်ပိုင်း ဧကရာဇ်ခေတ်တွင် ဖြစ်၏။

လက်ရှိ ဧကရာဇ်ခေတ်ကာလအတွက်မူ ထာဝရဧကရာဇ် မထွက်ပေါ်လာသေးပေ။ ထို့ကြောင့် လူအများစုက ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်အတွင်း ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ထို့အပြင် လူများစွာက ထာဝရဧကရာဇ် သရဖူဆောင်းကာ ခေတ်သစ် စတင်လိမ့်မည်ဟု ယုံကြည်ထားသည်။

တကယ်တော့ ထာဝရဧကရာဇ်က ဘာကိုဆိုလိုမှန်း၊ ထိုအဆင့်ကို ဘယ်လိုရောက်နိုင်မှန်း ရာနှုန်းပြည့်သိသူ ရှားပါးလှသည်။ လူအများစု သိထားသည်က ထာဝရဧကရာဇ်များသည် မဟာဧကရာဇ်များထက် အားပိုကောင်းပြီး သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟူ၍ပင် ဖြစ်၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Där berättelser lever. Upptäck nu