အခန်း(237)

153 19 10
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၇)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၃၇) : တတိယပွဲစဉ်

ဝမ်ဝေ့က မိုရှင်းယွင်တစ်ယောက် ယင်ကိုးပါး ရုပ်ခန္ဓာပိုင်ရှင်အား အလွယ်တကူ အနိုင်ယူလိုက်ပြီး ပြိုင်ဘက်၏ ရုပ်ခန္ဓာအား ဝါးမျိုလိုက်သည်ကို ကြည့်နေမိသည်။ သို့သော်လည်း သူ အာရုံစိုက်ထားသည်က နောက်ပိုင်းအဖြစ်အပျက်ကို ဖြစ်၏။

တစ်ယောက်က ကျူးကျော်လာကာ ကြည့်ရှုသူများ၏ အမြင်ကို တားဆီးဖို့ အစီအရင်တစ်ခု လုပ်ထားခဲ့သည်။ ကြည့်ရသည်မှာ မိုရှင်းယွင်က တစ်ယောက်ယောက်နှင့် စကားပြောနေပုံပေါ်၏။

" သူမ ဘယ်သူနဲ့ ပြောနေတယ်ဆိုတာရော သိခဲ့လား" ဝမ်ဝေ့က မေးလိုက်သည်။

" ကံမကောင်းစွာနဲ့ မသိခဲ့ရပါဘူး" ဝမ်ကျူက ဆက်သွယ်ရေးအဆောင်မှတဆင့် ပြန်ဖြေလာသည်။

" အခုလတ်တလော အနောက်ပိုင်းကုန်းမြေမှာ မိုမိသားစုဆီက လှုပ်ရှားမှုရှိသေးလား"

" ဂိုဏ်းက သူတို့တစ်ခုခုရှာနေတဲ့ အရိပ်အယောင် သတိထားမိတယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံးက သူတို့ကို စောင့်ကြည့်နေမှန်း သိပြီးတဲ့နောက် မိုမိသားစုက ချက်ချင်း ရပ်တန့်လိုက်ကြတယ်"

ဝမ်ဝေ့က မိုရှင်းယွင်ကို မြင့်မားသည့် အန္တရာယ်အဖြစ် သတ်မှတ်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် သူက ပြိုင်ပွဲအတွင်း သူမ၏ အပြုအမူများကို အာရုံစိုက်ထားလိုက်သည်။

ဝမ်ဝေ့အနေနှင့် သူမက အဆင့် ၉ ယင်ကိုးပါး ရုပ်ခန္ဓာပိုင်ရှင်နှင့် အဆင့် ၁၀ ကြယ်တာရာအုပ်စိုးသူ ရုပ်ခန္ဓာပိုင်ရှင်တို့ကို သတ်ဖြတ်ပြီး ဝါးမျိုလိုက်သည်ကို ကြည့်နေလိုက်သည်။ အလွှာနိမ့်မှ ထိုလူများက သူမအား စိန်ခေါ်မှု မဖြစ်စေပေ။ ထို့ကြောင့် အလွှာနိမ့်မှ ကောင်းကင်ရွေးချယ်ခံများက အလွှာမြင့်ကမ္ဘာများတွင် အမှန်တကယ် အောင်မြင်လာဖို့ရာ မည်မျှခက်ခဲကြောင်း ပြသနေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now