အခန်း(252)

149 24 3
                                    

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၈) ပြီးပါပြီ

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း(၂၅၂) : ကမ္ဘာကြီး ပြောင်းလဲခြင်း၊ လူမှုအဖွဲ့အစည်း တိုးတက်လာခြင်း

ဝမ်ဝေ့၏ နောက်ဆုံးစကားကို ကြားပြီး ပိုင်ဟန်၏ အမူအရာက ပျက်ယွင်းသွားကာ ရှုံ့မဲ့သွားလေသည်။ သူ့စွမ်းဆောင်ရည်ကို သိထားသောကြောင့် ထိုစကားများသည် အလကား ခြိမ်းခြောက်မှုဟု မထင်ပေ။

" ကျောင်းအုပ် သူ့ကို တားလိုက်ရမလား" ဆရာတစ်ယောက်က အံ့ဖွယ်အသိစိတ်ဖြင့် မေးလာသည်။ သူတို့က ဝမ်ဝေ့ ပျောက်ကွယ်သွားသည့် အကြောင်းအရင်းမှာ သူ့တာအိုကာကွယ်သူ ယန်းချန်က သူ့ကို လေဟာနယ်စွမ်းအားဖြင့် ရွေ့ပြောင်းပေးလိုက်ခြင်းကြောင့် ဖြစ်မှန်း သိကြသည်။

သို့သော်လည်း ကျောင်းအုပ်က အမိန့်ပေးသည်နှင့် ကျောင်းတော်၏ အစစ်အမှန် အုပ်ချုပ်သူများက သူတို့ကို တားဆီးသည်ထက် ပိုမိုလုပ်ဆောင်နိုင်သည်။

ပိုင်ဟန်က ခဏတာ တုံ့ဆိုင်းသွားကာ သေချာစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည် " မလိုဘူး "

ပိုင်ဟန်ကို ကပ်ဘေးချီ ဖုံးလွှမ်းထားသော်လည်း သူက အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်သေး၏။ သူက ယခုပြိုင်ပွဲကို လူများစွာ စောင့်ကြည့်နေမှန်း သိလေသည်။ အကယ်၍ သူသာ အမိန့်ပေးလိုက်လျှင် အစစ်အမှန် အုပ်ချုပ်သူများက ကျောင်းတော်ရှိရာဆီ အတင်းဇွတ်ဝင်လာပြီး ပေါ်ထွက်လာဖို့ စက္ကန့်ပိုင်းပင် ကြာမည် မဟုတ်ပေ။

သူတို့ကို တားဆီးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းက ကျောင်းတော်၏ ဧကရာဇ်အစီအရင်များကို အသုံးပြုရလိမ့်မည်။ အကယ်၍ သူ အသုံးပြုခဲ့လျှင် တာအိုအခွင့်အလမ်းကလည်း သူတို့ဧကရာဇ်အသုံးအဆောင်များ ထုတ်သုံးလာလိမ့်မည်။ ဝမ်ဝေ့၏ အဆင့်အတန်းအပြင် သူ့အဖေ၏ သားအပေါ် ချစ်မြတ်နိုးမှုအရ သူတို့က ဒီလိုလုပ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း ပိုင်ဟန် သိနေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now