အခန်း(၃၅၁)

78 8 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၂၆)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၃၅၁) : အစောင့်အရှောက်

တခြားသော အထွတ်အထိပ် နတ်ဘုရားများက ကြမ္မာနတ်ဘုရားမ၏ စကားကို ကြားကာ တိတ်ဆိတ်သွားလေသည်။ သူတို့က သူမစကားမှာ အမှန်ဖြစ်ကြောင်း သိသော်လည်း ပြဿနာ ရှိနေသေး၏။

" မင်ယွင် ... ပြောဖို့တော့လွယ်တယ်။ ဒါပေမဲ့ ငါတို့လုပ်ဖို့အတွက် စတေးခံလိုတယ်ဆိုတာ သိကြတာပဲလေ။ ဘယ်သူက စတေးခံ ဖြစ်ပေးမှာတုန်း"

" လွယ်လွယ်လေးပါ။ ဒီမှာ တစ်ယောက်ယောက် ရှိနေတယ် မဟုတ်ဘူးလား"

" မင်း ပြောချင်တာ စစ်နတ်ဘုရားမကို ပြောချင်တာလား"

အလင်းနတ်ဘုရားက ထိုအရာကိုကြားပြီး နှာခေါင်းရှုံ့လိုက်သည် " ခင်ဗျားက ကျုပ်တို့ကမ္ဘာအတွက် အမြဲတမ်း အကောင်းတွေကိုပဲ လုပ်ပေးတတ်တဲ့ မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါးလို မြင်ခဲ့မိတာ ကျုပ် မှားနေခဲ့တာပဲ။ ခင်ဗျား လုပ်သမျှ အရာအားလုံးက ခင်ဗျားအသက်ကို ကယ်ဖို့ လုပ်နေတာပဲ"

ကြမ္မာနတ်ဘုရားမက ပြန်မဖြေပေ။ သူမက လျစ်လျူရှုထားလေ၏။ သူမ၏ အကြံပြုချက်အတွက်မူ တခြားလူများက စဉ်းစားပြီးနောက် ဤသည်ကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သိကြသည်။

သို့သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်မချခင် အမိန့်မှာတမ်း နတ်ဘုရားက ဝင်ပြောလာသည် " အဲဒါက အဲလိုဖြစ်မှာ မဟုတ်ဘူး။ ဒီအစောင့်အရှောက်ကို အသက်သွင်းဖို့အတွက် အချိန်လိုသေးတယ်။ အပြင်လူတွေက ငါတို့ကို အချိန်ပေးပါ့မလား"

" အမိန့်မှာတမ်း နတ်ဘုရား ... ရှင် ပြောချင်တာက..." ရှင်သန်ခြင်း နတ်ဘုရားမက မေးလိုက်သည်။

" ငါက စတေးခံဖြစ်ပေမယ်။ အဲဒီအချိန်အတွင်းမှာ စစ်နတ်ဘုရားမကို ငါတို့အတွက် အချိန်ဆွဲထားပေးဖို့ ပြောရမယ်"

ကျန်လေးယောက်က တိတ်ဆိတ်သွားကြသည်။ မည်သူကမှ သူ့အား မဖျောင်းဖျကြပေ။ အားလုံးက ဤကပ်ဘေးကို ဖြတ်ကျော်ကာ ဤကမ္ဘာ၏ သူတို့ဂုဏ်ကျက်သရေကြီးမားဖွယ် အချိန်ကို ပြန်သွားလိုကြလေသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Onde histórias criam vida. Descubra agora